Main menu

Background

ဂျပန်နိုင်ငံရဲ့ စက်တင်ဘာ ရေနံစိမ်း သွင်းကုန် ကျဆင်း

Tue, 10/29/2013 - 15:06 -- ydnar

ဂျပန်နိုင်ငံရဲ့ အကောက်ခွန် ရှင်း လင်းပြီး ရေနံစိမ်းတင်သွင်းတဲ့ပမာဏက ယခင်နှစ်အလားတူကာလနဲ့နှိုင်းယှဉ်ရင် ယခုနှစ်စက်တင်ဘာမှာ ၁၉ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့သလို  LNG နဲ့ ကျောက်မီးသွေးတင်သွင်းမှုကလည်း ကျဆင်းခဲ့တဲ့အတွက် ဂျပန်နိုင်ငံရဲ့ စွမ်း အင်လိုအပ်ချက် သို့မဟုတ် ဝယ်လို အားကျဆင်းတာကို ရောင်ပြန်ဟပ်ပြသ လျက်ရှိကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ယခင်လက ဂျပန်နိုင်ငံက တစ် ရက်ကို ရေနံစိမ်းစည် ၃ ဒသမ ၅၂ သန်း (ကီလိုလီတာ ၁၆ ဒသမ ၇၈၉ သန်း) တင်သွင်းခဲ့ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ စာရင်းဇယားအချက် အလက်တွေအရ အောက်တိုဘာ ၂၁ ရက်က တွေ့ရပါတယ်။ ဂျပန်နိုင်ငံရဲ့ ရေနံစိမ်းတင်သွင်းမှု က ၂၀၁၂ ခုနှစ် အောက်တိုဘာမှာ ၂၄ ဒသမ ၅ ရာခိုင်နှုန်းထိ စံချိန်တင်ကျ ဆင်းခဲ့ပြီးနောက်ပိုင်း ယခုတစ်ကြိမ်က နှစ်အလိုက် နှိုင်းယှဉ်ရင် ကျဆင်းမှု အများဆုံး ဖြစ်ပါတယ်။ ယခင် နှစ် စက်တင်ဘာနဲ့နှိုင်းယှဉ်ရင် စက်တင်ဘာ အပူရှိန်ပိုမိုအေးလာတဲ့အတွက် လျှပ်စစ်  စွမ်းအင်လိုအပ်ချက်ကို ၄ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်း စေပါတယ်။ဒါကြောင့် လျှပ်စစ်စွမ်းအားထုတ်လုပ်ဖို့ အတွက် ရေနံစိမ်းသုံးစွဲမှုက ခေါက်ချိုး ကျဆင်းခဲ့ကြောင်း လုပ်ငန်းဆိုင်ရာ ကိန်းဂဏန်း အချက်အလက်တွေအရ သိရပါတယ်။ ယခင်လက ဂျပန်နိုင်ငံရဲ့ဓာတ်ငွေ့ ရည် (အယ်လ်အင်ဂျီ) စုစုပေါင်းတင် သွင်းမှုက ယခင်နှစ်ကနဲ့နှိုင်းယှဉ်ရင် ၇ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းပြီး တန် ၆ ဒသမ ၅၈ သန်းရှိခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာမှာသုံးတဲ့ ကျောက်မီးသွေးတင်သွင်းမှုက သြဂုတ် မှာ ၆ ဒသမ ၁ ရာခိုင်နှုန်းတိုးလာပြီး နောက် စက်တင်ဘာမှာ ၇ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး တန် ၉ ဒသမ ၂၂ သန်းထိရောက်ရှိခဲ့တာကို ကိန်း ဂဏန်းအချက်အလက်တွေအရ သိရ ပါတယ်။ စက်တင်ဘာမှာ ကုန်ဆုံးတဲ့ ဘဏ္ဍာနှစ်ရဲ့ ပထမနှစ်ဝက်မှာ ရေနံစိမ်း တင်သွင်းမှုက ၅ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ရက်ကိုစည် ၃ ဒသမ ၅၁ သန်း(ကီလိုလီတာ ၁၀၂ ဒသမ ၁ သန်း) ရှိခဲ့ကြောင်း ကိန်းဂဏန်းအချက် အလက်တွေအရ တွေ့ရပါတယ်။