Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ငွေကြေးရက်သတ္တပတ်

Tue, 10/29/2013 - 15:17 -- ydnar

တရုတ်နိုင်ငံရဲ့ ကုန်ချောထုတ်လုပ် မှုလုပ်ငန်းတွေ ယခုလထဲမှာ အရှိန်အ ဟုန်နဲ့ မြင့်တက်ခြင်းနဲ့ အမေရိကန်ပြည် ထောင်စုရဲ့ အလုပ်အကိုင်ကိန်းဂဏန်း အချက်အလက်များအရ အမေရိကန် ဗဟိုဘဏ်က သူ့ရဲ့ စံချိန်တင်စီးပွားရေး လှုံ့ဆော်တွန်းအားပေးအစီအစဉ်လျှော့ ချဖို့ ကိစ္စကို နှောင့်နှေးနေဦးမည်ဖြစ် ကြောင်း စတဲ့အခြေအနေတွေကြောင့် အာရှငွေကြေးတွေက ရက်သတ္တပတ် တွင်တိုးတက်မှုရှိခဲ့တာ ရက်သတ္တပတ် လေးပတ်ရှိခဲ့ပြီဖြစ်ပါတယ်။

မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာ ဇတ်က အောက်တိုဘာ ၂၅ ရက်နေ့မှာ အစိုးရရဲ့ ဘတ်ဂျက်ကို ပါလီမန်သို့တင် ပြမှာဖြစ်ပါတယ်။ မလေးရှားနိုင်ငံစီးပွား ရေးရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ဖို့ အသင့်ဖြစ်နေကြောင်း နာဂျစ်က ပြောထားတဲ့အတွက် ဘတ် ဂျက်မတင်သွင်းမီရင်းဂစ်တန်ဖိုးက လေး လအတွင်း အမြင့်ဆုံးကိုရောက်ရှိခဲ့ပါ တယ်။တရုတ်ယွမ် တရုတ်ယွမ်ငွေကြေးတန်ဖိုးက အောက်တိုဘာ ၂၅ ရက်မှာ တတိယ နေ့အဖြစ် ဆက်တိုက်မြင့်တက်လာပြီး စံချိန်တင်နှုန်းကိုရောက်ရှိခဲ့ပါတယ်။ ဒါ ပေမဲ့ငွေကြေးရဲ့တန်ဖိုးက အမြင့်တက် နိုင်ဆုံးနောက်ဆုံးနှုန်းကို ရောက်လာတဲ့ အတွက် ရင်းနှီးမြှုပ်နှံသူတွေက သတိ ထားလှုပ်ရှားလာကြတဲ့အတွက်လျင်မြန် စွာပြန်လည်ပြီးအတက်ရပ်သွားပါတယ်။ မနက်ပိုင်းဈေးကွက်မှာ ယွမ်ငွေ ကြေး၏ လက်ငင်းနှုန်းမှာ တစ်ဒေါ်လာ ကို ၆ ဒသမ ၀၈၀၂ ယွမ်နှုန်းရှိခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် တရုတ်နိုင်ငံက ပြည် တွင်းနိုင်ငံခြားငွေဈေးကွက်ထူထောင် ပြီးနောက်ပိုင်းအမြင့်ဆုံးနှုန်းဖြစ်ပါတယ်။ အိန္ဒိယရူပီး ပင်လယ်ရပ်ခြားဒေသမှာ တခြား ငွေကြေးတွေနဲ့ ဖလှယ်တဲ့အခါ အမေ ရိကန်ဒေါ်လာတန်ဖိုးမြင့်တက်လာတဲ့ အတွက် အိန္ဒိယနိုင်ငံဘဏ်အချင်းချင်း နိုင်ငံခြားငွေဖလှယ်ရေးဈေးကွက်မှာ အောက်တိုဘာ ၂၅ ရက်မနက်က ရူပီး တန်ဖိုးက သုည ဒသမ ၀၉ ရူပီးနှုန်းမြင့် တက်ပြီး တစ်ဒေါ်လာကို ၆၁ ဒသမ ၅၅ ရူပီးနှုန်းရှိခဲ့ပါတယ်။ သွင်းကုန်လုပ် ငန်းရှင်တွေက ဒေါ်လာပိုမိုဝယ်ယူပေး လာတာကလည်း ရူပီးတန်ဖိုးအပေါ်က အကျိုးဆက်ကိုဖြစ်ပွားစေပါတယ်။ ငွေ ဝယ်ရောင်းသမားတွေကတော့ ရူပီးတန် ဖိုးကျဆင်းရတာက ပြည်ပဈေးကွက်မှာ ဒေါ်လာနဲ့ ယူရိုဖလှယ်တဲ့အခါ ယူရို ဈေးနှုန်းကျဆင်းတာနဲ့ ပြည်တွင်းစ တော့ဈေးကွက်အဖြစ်မှာ ပြည်တွင်းရှယ် ယာတွေကျဆင်းလို့ဖြစ်ရကြောင်း ပြော ပါတယ်။ဂျပန်ယန်း အားနည်းနေသေးတဲ့ အမေရိကန် စီးပွားရေးအတွင်းသို့ အမေရိကန်ဗဟို ဘဏ်ကငွေကြေးတွေထပ်ပြီး အားဖြည့် ထည့်ပေးဦးမယ်လို့ ကုန်သည်တွေက ခန့်မှန်းထားတဲ့အတွက် အောက်တိုဘာ ၂၄ ရက်နေ့က ယူရိုနဲ့ ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုးကျဆင်းခဲ့ပါတယ်။ ယူရို ဒေါ်လာဖလှယ်နှုန်းက အောက်တိုဘာ ၂၃ ရက်က တစ်ယူရိုကို ၁ ဒသမ ၃၇၇၆ ဒေါ်လာနှုန်းရှိခဲ့ရာမှ အောက်တို ဘာ ၂၄ ရက် ဂရင်းနစ်စံတော်ချိန် ၂၁ နာရီမှာ တစ်ယူရိုကို ၁ ဒသမ ၃၇၉၈ ဒေါ်လာနှုန်းထိရှိခဲ့ပါတယ်။ ဂျပန်ငွေကြေးတန်ဖိုးက ဒေါ်လာ နဲ့ဖလှယ်ရာမှာ တစ်ဒေါ်လာကို ၉၇ ဒသမ ၃၉ ယန်းမှ ၉၇ ဒသမ ၂၉ ယန်း သို့လည်းကောင်း၊ ယူရိုနဲ့ ဖလှယ်ရာမှာ တစ်ယူရိုကို ၁၃၄ ဒသမ ၁၆ ယန်းမှ ၁၃၄ ဒသမ ၂၆ ယန်းသို့လည်းကောင်း အသီးသီးပြောင်းလဲမှုရှိခဲ့တယ်။မလေးရှားရင်းဂစ် ပြည်တွင်းငွေကြေးဖြစ်တဲ့ ရင်းဂစ် ငွေကြေးကို ဝယ်ယူဖို့ စိတ်ဝင်စားမှုရှိလာ ပြန်တဲ့အတွက် အောက်တိုဘာ ၂၅ ရက်မှာ အမေရိကန်ဒေါ်လာနဲ့ဖလှယ် တဲ့အခါ ရင်းဂစ်တန်ဖိုးမြင့်တက်ခဲ့ ကြောင်း၊ ဝယ်ရောင်းသမားတွေကပြော ပါတယ်။ ဒေါ်လာနဲ့ ရင်းဂစ်ဖလှယ်နှုန်း က အောက်တိုဘာ ၂၄ ရက်မှာတစ် ဒေါ်လာကို ၃ ဒသမ ၁၅၈၅ ရင်းဂစ် နှုန်းရှိရာမှ အောက်တိုဘာ ၂၅ ရက် မနက် ၉ နာရီ ၃ မိနစ်မှာ တစ်ဒေါ်လာ ကို ၃ ဒသမ ၁၅၁၀ ရင်းဂစ်နှုန်းရှိခဲ့ပါ တယ်။ လာမဲ့နှစ်ဦးပိုင်းထိ အမေရိကန် ဗဟိုဘဏ်က ငွေကြေးစာချုပ်စာတမ်း တွေကို ဆက်ဝယ်ဦးမဲ့ အခြေအနေ ကြောင့် ရင်းဂစ်နဲ့ အခြားဒေသတွင်း ငွေကြေးတွေရဲ့ ဝယ်လိုအားခိုင်မာလာ  ဦးမှာဖြစ်ပါတယ်။တောင်ကိုရီးယားဝမ် တန်ဖိုးကျဆင်းနေတဲ့ ဒေါ်လာ ကြောင့် ထွန်းသစ်စဈေးကွက်တွေရဲ့ ငွေ ကြေးတွေမြင့်တက်နေတဲ့အတွက် တောင်ကိုရီးယားရဲ့ ဝမ်တန်ဖိုးလွန်လွန် ကဲကဲမြင့်တက်နေတာကိုရပ်တန့်ဖို့ ဝင် ရောက်စွက်ဖက်ရတော့မှာဖြစ်ကြောင်း တောင်ကိုရီးယားက သတိပေးပြော ကြားခဲ့ပါတယ်။ ဝမ်ငွေကြေးတန်ဖိုးက အောက်တိုဘာ ၂၄ ရက်မှာ နှစ်နှစ်အ တွင်း အမြင့်ဆုံးနှုန်းကိုရောက်ရှိခဲ့ပြီးမှ ဝမ်တန်ဖိုးမြင့်တက်နေမှုနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားဗဟိုဘဏ်နဲ့ ဘဏ္ဍာ ရေးဝန်ကြီးတို့က ဝေဖန်ပြောကြားခဲ့ပြီး နောက် ပြန်လည်ကျဆင်းခဲ့ပါတယ်။ ဝမ်တန်ဖိုးက အောက်တိုဘာ ၂၅ ရက်မှာ သုည ဒသမ ၂ ရာခိုင်နှုန်းကျ ဆင်းပြီး တစ်ဒေါ်လာကို ၁၀၆၂ ဒသမ ၆၅ ဝမ်နှုန်းရှိခဲ့ပါတယ်။ထိုင်းဘတ် ထိုင်းပို့ကုန်တွေကျဆင်းလာတာ ကို အစိုးရရဲ့ အစီရင်ခံစာထွက်လာတဲ့ အခါ တွေ့ရတော့မှာဖြစ်တဲ့အတွက် ထိုင်းဘတ်ငွေတန်ဖိုးက ရက်သတ္တပတ် တွင်းကျဆင်းမှုရှိမဲ့အခြေအနေကို ဦး တည်နေပါတယ်။ ထိုင်းဘဏ္ဍာရေးဝန် ံကြီးဌာနက ၂၀၁၃ ခုနှစ်စီးပွားရေးတိုး တက်နှုန်းကို မူလခန့်မှန်းထားတဲ့ ၄ ဒသမ ၅ ရာခိုင်နှုန်းကနေ ၃ ဒသမ ၇ ရာခိုင်နှုန်းကိုလျှော့ချခန့်မှန်းခဲ့ပါတယ်။ ဘတ်ငွေတန်ဖိုးကလည်း ဘန်ကောက် မှာ အောက်တိုဘာ ၂၅ ရက်မနက် ၉ နာရီ ၁၁ မိနစ်မှာ ယခုရက်သတ္တအ တွက် သုည ဒသမ ၃ ရာခိုင်နှုန်းကျ ဆင်းပြီး တစ်ဒေါ်လာကို ၃၁ ဒသမ ၁၄၃ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။