Main menu

Background

ထိန်ခံျုးခရိုင်က နယ်စပ်ကုန်သွယ်ရေးစစ်ဆေးရေးဂိတ်ကို ကန်ပိုက်တီးစခန်းအနီးသို့ ပြောင်းရွှေ့လျက်ရှိ

Tue, 09/14/2010 - 10:20 -- Anonymous (not verified)

 ထိန်ခံျုးခရိုင်က နယ်စပ်ကုန်သွယ်ရေးစစ်ဆေးရေးဂိတ်ကို ကန်ပိုက်တီးစခန်းအနီးသို့ ပြောင်းရွှေ့လျက်ရှိ     တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ထိန်ခုံျးခရိုင်၊ ဟိုရှောင်ကျေးရွာရှိ နယ်စပ်ကုန်သွယ်ရေးစခန်းဟာ မြန်မာ- တရုတ် နယ်နိမိတ်မျဉ်းနဲ့ အလှမ်းဝေးကွာလွန်းတဲ့အတွက် ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရေး နဲ့ ကုန်သွယ်မှု တိုးတက်ဖွံ့ဖြိုးစေရေးအတွက် စစ်ဆေးရေးဂိတ် နေရာသစ်ကို ထိန်ခံျုးခရိုင် ဟိန့်ရင်ထန်ကျေးရွာ အနီးမှာထားဖို့နေရာသစ် ရွေးချယ်လိုက်တယ်လို့ သတင်းရရှိပါတယ်။အသစ်ရွေးချယ်လိုက်တဲ့နယ်စပ်ဂိတ် နေရာသစ်ဟာ မိမိတို့ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေးစခန်းနဲ့ ၄ မိုင်ခန့်အကွာမှာရှိတာဖြစ်ပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့ကစတင်ပြီး မြေသယ်ယာဉ် (၆) စီးခန့်၊ Back hole  ယာဉ် (၅) စီးခန့်၊ ဘူဒိုဇာယာဉ် (၃) စီးခန့်နဲ့ နေရာသစ်အား မြေညှိပြုပြင်ခြင်းများကို စတင် လုပ်ဆောင် နေကြောင်း သိရှိရပါတယ်။နကသ (ကန်ပိုက်တီး)