အိန္ဒိယ နိုင်ငံရဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် (ဧပြီ-မတ်လ)အတွင်း ဘာစမာတီဆန်တင်ပို့မှုက ယခင်နှစ် တင်ပို့ မှုထက် ၁၁ ရာခိုင်နှုန်းခန့်ပိုမိုပြီး တန်ချိန် စုစုပေါင်း ၄ သန်းဝန်းကျင် ရှိလိမ့်မယ်လို့ အိန္ဒိယနိုင်ငံ ပြည်တွင်း သတင်းများမှာ ပါရှိပါတယ်။ အိန္ဒိယ နိုင်ငံအစိုးရမှ စပါးစိုက်ပျိုးမှုကို အမျိုး မျိုးသောအစီအမံများနဲ့ ကြိုးပမ်းဆောင် ရွက်မှုကြောင့် ဘာစမာတီဆန် အဓိက စိုက်ပျိုးထုတ်လုပ်ရာ ပန်ဂျပ်နဲ့ ဟာရာ နာပြည်နယ်တို့မှာ ရလဒ်ကောင်းများ ရရှိခဲ့တယ်လို့လည်း ကုန်သည်များ ပြောကြားပါတယ်။
အိန္ဒိယနိုင်ငံက ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ဘာစမာတီဆန်ကို ၇ ဒသမ ၂ သန်းအထိ ထုတ်လုပ်နိုင်ခဲ့ တယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ၃၀ ရာခိုင်နှုန်းခန့်တိုးတက်ပြီး တန်ချိန် ပေါင်း ၉ သန်းအထိ ထုတ်လုပ်နိုင်မယ် လို့ပြည်တွင်းသတင်းဌာနများမှ ပြော ကြားတယ်။ ဒါပေမဲ့ ယခုနှစ်မှာ အိန္ဒိယ ငွေကြေးတန်ဖိုးအားနည်းမှုကြောင့် အပြည်ပြည်ဆိုင်ရာ ဈေးကွက်အတွင်း (အထူးသဖြင့် အရှေ့ အလယ်ပိုင်းဈေး ကွက်) မှာ အိန္ဒိယ ဘာစမာတီဆန်ကို ဝယ်လိုအားကောင်းနေခြင်းကြောင့် ပြည်တွင်းမှာ ဘာစမာတီဆန်ကို ဝယ် ယူရတဲ့ ဈေးနှုန်းမှာလည်း မြင့်မားလျက် ရှိတယ်။ ယခုလတ်တလောမှာ တစ်ကွမ် တယ်ကို ရူပီး ၃၂၀၀ (လက်ရှိငွေလဲ လှယ်နှုန်းထားအရ တစ်တန်ကို ကန် ဒေါ်လာ ၅၂၃ ခန့်) ပေါက်ဈေးဖြစ်နေ ရာ ယခင်နှစ်က တစ်ကွမ်တယ်ကို ရူပီး ၂၂၀၀ (၎င်းင်းအချိန်အခါက ငွေလဲလှယ် နှုန်းထားအရ တစ်တန်ကို ကန်ဒေါ်လာ ၄၁၀ ခန့်) နဲ့နှိုင်းယှဉ်ပါက ၅၀ ရာခိုင် နှုန်းခန့်ဈေးနှုန်းမြင့်မားလာတယ်လို့ ကုန်သည်များမှ ပြောကြားပါတယ်။ ဒါ့အပြင်လာမယ့် သီတင်းပတ်အတွင်း မှာ လည်း ဈေးနှုန်းပိုမိုမြင့်မားလာဖွယ်ရှိ တယ်လို့လည်း ကုန်သည်များမှ ခန့်မှန်း ပြောဆိုကြတယ်။ စန္ဒာပျို
