တရုတ်ဝယ်လက် ဆန်သစ်တွေ ပြန်ဆွဲနေသော်လည်း ရန်ကုန်ဆန်ဈေးကွက် ယခင်အတိုင်းသာရှိ

မြန်မာနိုင်ငံဆန်စပါး ကုန်သည် များအသင်း၊ ဆန်စပါး ကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက်ကားဆန်ဈေးနှုန်းမှာ ဧည့်မထ (ထိပ်စ) တစ်အိတ်ကို ၁၇၇၀၀ ကျပ်ဖြစ်ခဲ့လို့ ယခင်အပတ်ထက် ၂၀၀ ကျပ်၊ မိုးဧည့်မထရှယ်သစ် ဈေးနှုန်းမှာ ၁၅၄၀၀ ကျပ်၊ ၁၆၃၀၀ ကျပ်ဖြစ်လို့ ယခင် အပတ်ထက်  ၄၀၀ ကျပ်၊ ပေါ် ဆန်းဖျာပုံလတ်စ တစ်အိတ်ကို ၂၆၀၀၀ ကျပ်၊ ပေါ်ဆန်း ဖျာပုံထိပ်စ တစ်အိတ် ၂၈၅၀၀ ကျပ်ဖြစ်လို့ ယခင်ပတ်ထက် ၅၀၀ ကျပ်၊ ပေါ်ကျွဲ လတ်စ တစ်အိတ် ၂၀၅၀၀ ကျပ်ဖြစ်သဖြင့် ယခင်အပတ် ထက် ၁၀၀၀ ကျပ်၊ ပေါ်ကျွဲ ထိပ်စ တစ်အိတ် ၂၂၅၀၀ ကျပ်ဖြစ်ခဲ့သဖြင့် ယခင်အပတ်ထက် ၁၅၀၀ ကျပ် အသီး သီး ဈေးအနည်းငယ် တက်ခဲ့ပေမယ့် အများအားဖြင့် လက်လီ၊ လက်ကား ဆန်ဈေးများ တည်ငြိမ်နေတာကို တွေ့ ရပါတယ်။

ဧည့်မထ ၂၅ မှတ် (ပြည်ပ) ဆန်အဟောင်း တစ်အိတ် (၁၁၀ ဒသမ ၀၅ ပေါင်) ကို ၁၄၃၀၀ ကျပ်-၁၄၈၀၀ ကျပ်ဖြင့် ယခင်အပတ် ဈေးနှုန်းအတိုင်း ရှိနေပြီး ဧည့်မထ ၂၅ မှတ်  (ပြည်ပ) ဆန်အသစ် တစ် အိတ်(၁၁၀ ဒသမ ၀၅ပေါင်) ကို ၁၄၃၀၀ ကျပ်ခန့် ဈေးရှိနေပါတယ်၊  EMATA 25% FOB (Yangon) 335/340 USD/ MT ဖြင့် ဈေးခေါ် ရောင်းနေသော် လည်း ပြည်ပဝယ်လက် က  320/325 USD / MT ခန့်သာ ဈေးပေးလို့ ပြည် တွင်းလက်ရှိဆန်ပေါက်ဈေးနဲ့ မကိုက် သဖြင့် မရောင်းနိုင်ဘဲ ငြိမ်နေတာ တွေ့ရပြီး တန်းမြင့်ဆန် အနည်းငယ်၊ ဆန်ကွဲ အနည်းငယ်စီကိုသာ ကွန် တိန်နာဖြင့်ဈေးကွက်အသစ်များသို့ စမ်း ပို့နေတာ တွေ့ရပါတယ်။ ယခင်နှစ်က ဆန် တန်ချိန်များများကို SHIPMENT အလိုက် ဈေးနှုန်းသတ်မှတ်ပြီး စာချုပ် ဖြင့် ကြိုရောင်းခဲ့သော်လည်း  ယခုနှစ် မှာ ကြိုတင်စာမချုပ်တော့ တာကိုတွေ့ ရှိရပါတယ်။ ယခင်နှစ် ပြည်ပဆန် တင်ပို့မှုရဲ့ အဓိကဝယ်လက်ကြီးဖြစ်တဲ့ တရုတ်လိုင်းကမူဆယ်မှတစ်ဆင့် မြန်မာ့ ဧည့်မထနဲ့ ငစိန်ဆန်အသစ်များ ကို ယခုရက်ပိုင်းမှာ ပြန်ဝယ်နေတာတွေ့ရ ပြီး ငစိန်ဆန်နဲ့ ရတနာတိုး၊ ဆင်းသွယ် လတ်ဆန်များကို ပိုကြိုက်ကြောင်း၊ ယခု ဆန်သစ်ကို ပိုကြိုက်နေပြီး အသစ် ဆန်ကိုသာ ပိုမိုအရောင်းအဝယ်ပြုလုပ် လာတာ တွေ့ရပါတယ်။ ရန်ကုန်မြို့ ဝါး တန်း ကုန်စည်ဒိုင်သို့ ဆန်အဝင်မှာ စပါး ဟောင်းနဲ့ စပါးသစ် စပ်ကူးမတ်ကူး ကာလ ယခုအပတ်မှာသာ အဝင် အနည်းငယ်လျော့ခဲ့ပြီး အရောင်း အဝယ်ကတော့ ပုံမှန်အတိုင်းရှိနေတာ ကြောင့် နေ့စဉ်အဝင်ပစ္စည်း အကျန် မရှိအောင် ရောင်းရတယ်လို့ သိရပါ တယ်။ ဈေးကွက်အတွင်း ရောင်းချ ပေးလျက်ရှိတဲ့ အရန်ဆန်ဧည့်မထ ၂၅ မှတ်ဆန်များကိုလည်း ယခင်အပတ် ဈေးအတိုင်း တစ်အိတ်ကို ဂိုဒေါင် အထိုင်နေရာအလိုက် ၁၅၀၀၀ ကျပ်၊ ၁၅၂၀၀ ကျပ်ဈေးတို့ဖြင့်လိုသလောက် ဆက်လက် ရောင်းချပေးလျက် ရှိပါ တယ်။ တရုတ်ကယခု ရက်ပိုင်းဆန်သစ် များ အဝယ်ရှိလာလို့ ဆန်သစ်ဈေး အနည်းငယ် မြင့်လာနိုင်သော်လည်း ရန်ကုန် FOB အတင် အလွန်နည်းနေ ခြင်း၊ စပါးသစ်များကလည်း တောက် လျောက် အင်နဲ့အားနဲ့ ပေါ်လာမှာ ဖြစ် ခြင်း၊ မူဆယ်သို့ ကားခမှာ ယခင်အပတ် များထက် တက်နေခြင်းများကြောင့် မူဆယ်အသွားလမ်း နယ်မှအပ ရန်ကုန် ဆန်ဈေး ယခုအတိုင်း ဆက်သွားနိုင် သေးကြောင်း ကုန်စည်ဒိုင်နဲ့ ဆန် ကုန်သည်များထံမှ သိရပါတယ်။ သန်းအေး - ဆန်စပါး