Main menu

Background

မုံရွာကုန်စည်ဒိုင် အောက်တိုဘာ လကုန်ပတ် ပဲဈေးကွက် လက်ကျန်နည်းလာ၍ ဈေးငြိမ်

Wed, 11/13/2013 - 13:10 -- ydnar

မုံရွာကုန်စည်ဒိုင် အောက်တိုဘာ လကုန်ပတ် ပဲမျိုးစုံဈေးကွက်အနေနဲ့ ပဲ အမျိုးအစားအလိုက် ဝယ်လက်သာရှိခဲ့ ပြီး၊ ကုန်သည်တွေထံမှာ ပဲအများစု လက်ကျန် လျော့လာတဲ့အတွက် ဈေး အငြိမ်နဲ့သာ အရောင်းအဝယ်ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ကုလားပဲမျိုးစုံ ဈေး ကွက်မှာ ဒေသတွင်းခွဲခြမ်းသမားများနဲ့ မန္တလေးစက်သမားဝယ်လက်တို့သာ ရှိခဲ့ပြီး၊ အဝေးလိုင်းဝယ်လက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ယခုတစ်ပတ်မှာ ကုလားပဲ မျိုးစုံ ဈေးအေးသွားခဲ့ကာ ကုလားပဲ ရိုးရိုးတစ်တင်း ၁၆၂၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ်တစ်တင်း ၁၆၅၀၀ ကျပ်၊ ကုလားပဲ V2 တစ်တင်း ၁၆၉၀၀ နဲ့ 929 တစ်တင်း ၁၆၂၀၀ ကျပ် အသီးသီး ပေါက်ဈေး ဖြစ်ခဲ့တာ တွေ့ရပါတယ်။

ကုန်သည်လက်ဝယ် ပဲလက်ကျန်ရှိသေး တဲ့အတွက် ခွဲစက်သမားတွေ လို သလောက်သာ ဝယ်ယူနေကြတာမို့ ကုလားပဲမျိုးစုံ တစ်ရက်ပျမ်းမျှ အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားအရောင်းအဝယ် ပုံမှန် ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။ ပဲတီစိမ်းကြီးကတော့ ယခု တစ်ပတ် ဈေးကွက်ထဲမှာ ပစ္စည်း မရှိသလောက် နည်းပြီး၊ မန်းလက် အဆွဲသာရှိခဲ့လို့ တစ်တင်း ၂၇၀၀၀ ကျပ်မှာ ဈေးတန့်နေတာတွေ့ရပါတယ်။ ပဲစင်းငုံနီဈေးကွက်အနေနဲ့ ဒေသခံကုန် သည်တွေဆီမှာ ပဲလက်ကျန်လျော့ နည်းလာပြီး၊ ရန်ကုန်အတွက် မုံရွာ ကုန်စည်ဒိုင်မှာ ဝယ်လက် ၂ ဦး - ၃ ဦးက အမာခံ ဆွဲယူနေလို့ အနည်းငယ် အရောင်းအဝယ်သွက်ခဲ့ပြီး၊ ဈေးလည်း တစ်တင်း  ၁၉၀၀၀ ကျပ်ထိ မာလာခဲ့ တာတွေ့ရပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ရက်ပျမ်းမျှ အိတ် ၅၀၀ မှ ၁၀၀၀ ကြားရှိခဲ့ကာ၊ ရန်ကုန်အော်ဒါ ရှိခဲ့ရင် တစ်ရက်အိတ် ၂၀၀၀ မှ ၃၀၀၀ ကြားဖြစ်ခဲ့တယ်လို့ ကုန်သည်ရပ်ကွက် က ပြောပါတယ်။ မတ်ပဲဈေးကွက်ကတော့ ယခု တစ်ပတ်မှာလည်း မန်းနဲ့ ရန်ကုန်ဖက် က ဝယ်လိုအားဆက်လက် ကောင်းနေ ပြီး၊ ရေဦး၊ တန့်ဆည်နဲ့ မြောင်နယ်ဘက် က ပဲအဝင်ရှိလို့ တစ်ရက်အိတ် ၄၀၀ မှ ၅၀၀ ကြားနေ့စဉ် အရောင်း အဝယ် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ယခု တစ်ပတ် ပေါက်ဈေးအနေနဲ့ တစ်တင်း ၁၈၅၀၀ ကျပ်မှ ၁၇၅၀၀ ကျပ်ကြား ဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။ ပဲ လက်လီလိုင်းအနေနဲ့ ကသဲပဲအချို့ ဝယ်လက်သာရှိခဲ့ပြီး၊ တစ်တင်း ၂၁၇၀၀ ကျပ်မှာ ဈေးငြိမ်နေခဲ့ကာ ပဲနီလုံးကြား လည်း ပဲလက်ကျန်လျော့လာလို့ တစ် တင်း ၂၄၀၀၀ ကျပ်မှာ ဈေးမာနေခဲ့ပါ တယ်။ လုပ်ငန်းသုံးပဲဖြစ်တဲ့ ပဲယင်းက တော့ ပဲလက်ကျန်လျော့နည်းလာပြီး၊ လက်လီဝယ်လိုအားတက်လို့ ယခု တစ် ပတ်မှာ တစ်တင်း ၂၀၈၀၀ ကျပ် အထိ တက်ဈေးဖြစ်လာခဲ့တာတွေ့ရပါတယ်။ထွန်းလှိုင် - မုံရွာ