Main menu

Background

အောက်တိုဘာ လကုန်ပတ်အတွင်း ပဲမျိုးစုံဈေးကွက်မှာ အခြားပဲများ ဈေးအေး အရောင်းအဝယ်အေးသော်လည်း မတ်ပဲဈေးပြန်မြင့်လာလို့ အရောင်းသွက်

Wed, 11/13/2013 - 13:53 -- ydnar

အောက်တိုဘာလ နောက်ဆုံး ပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ ပဲတီစိမ်း သီးနှံများ ဝင်ရောက်လာသလို မတ်ပဲ ဈေးနှုန်းကလည်း ဈေးမြင့်လာခဲ့ပြီး၊ အခြားပဲများကတော့ အရောင်းအဝယ် အေးနေခဲ့ကာ ဈေးလည်းအတက်အကျ သိပ်မဖြစ်ဘဲရှိခဲ့ပါတယ်။ မတ်ပဲသီးနှံမှာ အောက်တိုဘာ လဆန်းပိုင်းမှစပြီး၊ ဈေးပြန်လှုပ်လာခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း၁၉၀၀၀ ကျပ်ထိ ဈေးကောင်း လာခဲ့ပါတယ်။ ရန်ကုန်ဝယ်လက် အဝယ်သွက်ခဲ့တာကြောင့် ဈေးနှုန်းများ မြင့်တက်လာကာ၊ တစ်ရက်အိတ် ၄၀၀ ကျော်- ၅၀၀ အထိ လှောင်လက်သမား များကလည်း ထုတ်ရောင်းချလာခဲ့ ကြ ပါတယ်။ တိုင်းအတွင်း အခြားမြို့နယ် များမှာ မတ်ပဲ၊ မျိုးပဲများ ဝယ်ယူလာ ကြပါတယ်။

ပဲတီစိမ်းသီးနှံများလည်း ပြည်ဈေး ကွက်ကို အောက်တိုဘာလလယ်မှစပြီး ဝင်ရောက်မှုရှိခဲ့ပြီး၊ဈေးကောင်းရလျက် ရှိပါတယ်။ ယခုတစ်ပတ်မှာ တစ်တင်း ၃၀၄၀၀ ကျပ်နဲ့ ပန်းတောင်းမြို့နယ်မှ အဝင်ရှိသလို မန္တလေးလိုင်းသမား များ ဝယ်ယူလျက်ရှိတာကြောင့် တစ်ရက် အိတ် ၃၀၀ ကျော် အရောင်းအဝယ်ဖြစ် ခဲ့ပါတယ်။ ပဲစင်းငုံသီးနှံကတော့ လက်ကျန်ပဲ များ တစ်ခါတစ်ရံ အိတ် ၂၀၀ မှ ၃၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ပဲဈေး ကတော့ တစ်တင်း ၁၉၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။ ကုလားပဲဈေးနှုန်း ကလည်း တစ်တင်း ၁၇၇၀၀ ကျပ်နဲ့ လှောင်သမားများ ထုတ်ရောင်းချခဲ့ပြီး၊ ခွဲစက်သမားများ ပုံမှန်အဝယ်ရှိခဲ့ကာ တစ်ရက်ကို အိတ် ၂၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြီးသီးနှံမှာလည်း ဈေးကွက်ကို အဝင် သိပ်မရှိတော့ဘဲ ပဲလက်ကျန် များနဲ့ အရောင်းအဝယ် ဖြစ်နေခဲ့ပါ တယ်။ ဝယ်လက်အနေနဲ့ ပဲကြော်ဖို လုပ်ငန်းသမားများမှ နေ့စဉ် အဝယ် ရှိ ခဲ့ပြီး၊ ရွှေကျွန်းထက် (ကမ်းနား) ပဲအမျိုး အစားများ ပိုအရောင်းအဝယ်ဖြစ်ခဲ့ပါ တယ်။ ပဲဈေးနှုန်းမှာတော့ ပဲကြီး (ရွှေကျွန်း) တစ်တင်း ၄၁၅၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၄၀၀၀၀ ကျပ်နဲ့ တစ်ရက်ကိုအိတ် ၁၅၀ကျော် အရောင်း အဝယ်ဖြစ်ခဲ့ကြပါတယ်။ ဘိုကိတ်၊ ပဲလွန်းဖြူ၊ ထောပတ်ပဲ ဈေးနှုန်းများကတော့ ယခင်အပတ် ကအတိုင်း ဈေးအပြောင်းအလဲမဖြစ်ဘဲ ဈေးငြိမ်နေခဲ့ကာ စားတော်ပဲသီးနှံက တော့ တစ်တင်း ၃၇၀၀၀ ကျပ်နဲ့ ဈေး အမြင့်နဲ့ပဲ ဒေသတွင်း လက်လီသမား များနဲ့သာ တစ်ရက် ၁၅ အိတ်ခန့်သာ အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ယခု လကုန်ပတ်အတွင်း ပဲပုပ်သီးနှံမှာ ပဲ လက်ကျန်မရှိတော့တဲ့အတွက်အရောင်း အဝယ်မရှိတော့ဘူးလို့ သိရပါတယ်။ခင်ဆွေဝင်း - ပြည်