Main menu

Background

အင်ဒိုနီးရှားက သကြားတန်ချိန် ၄ သိန်း တင်သွင်းသွားမယ်

Tue, 09/14/2010 - 10:25 -- Anonymous (not verified)

 အင်ဒိုနီးရှားက သကြားတန်ချိန် ၄ သိန်း တင်သွင်းသွားမယ်    အင်ဒိုနီးရှားအစိုးရဟာ လာမယ့်နှစ် ပြည်တွင်းလိုအပ်ချက်ကို ဖြည့် ဆည်းဖို့ သကြားဖြူတန်ချိန် ၄ သိန်းတင်သွင်းဖို့ အစီအမံကို  တရားဝင်ခွင့်ပြုခဲ့ တယ်လို့ စိုက်ပိုျးရေးဝန်ကြီး Suswono  က စက်တင်ဘာ ၆ ရက်နေ့မှာ ပြော ကြားခဲ့ပါတယ်။    ဒီတင်သွင်းမှုပမာဏက ၂ဝ၁၁ ခုနှစ် ပထမ ၅ လအတွင်း ရောင်းချမှု လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်လိမ့်မယ်လို့ ဆိုပါ တယ်။ ယင်းသကြားကို ဒီဇင်ဘာလ ဒါမှမဟုတ် ဇန်နဝါရီလမှာ စတင်ဖြန့်ဖြူးသွားဖွယ်ရှိတယ်လို့လည်းဆိုပါတယ်။    အင်ဒိုနီးရှားသကြားနဲ့ အမှုန့်ကုန်သည်များအသင်း (Apegti) ရဲ့ ပြောကြားချက်အရ ယခုနှစ်ကုန်မှာ ပြည်တွင်း သကြား လက်ကျန်ပမာဏဟာ တန်ချိန် ၈ သိန်းခန့်ရှိမယ်လို့ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ  တစ်လကို တန်ချိန် ၂ သိန်းဝန်း ကျင်သုံးစွဲတာဖြစ်လို့ ဇန်နဝါရီလမှ လာမယ့်နှစ် မေလတိုင်အောင် ပြည်တွင်း လိုအပ်ချက်ပြည့်ဝဖို့ အစိုးရ မှတင်သွင်း သွားမှာဖြစ်ပါတယ်။    သကြားဈေးတစ်တန်ကို ကန်ဒေါ်လာ ၅၅ဝ ဝန်းကျင်ဈေးထိ လျော့ကျ မယ်ဆိုရင် အစိုးရအနေနဲ့ သကြားဝယ်ယူမှု စာချုပ်ချုပ်ဆိုသွားသင့်တယ်လို့ ဗစနါအင ဥက္ကဌ Natsir Mansyur ကပြောကြားပါတယ်။ အကယ်လို့ အစိုးရအနေနဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ ဝယ်ယူမယ်ဆိုရင် သကြားတစ်တန်ကို ကန်ဒေါ်လာ ၇၅ဝ ဝန်းကျင်ထိ မြင့်တက်သွား နိုင်တယ်လို့လည်းဆိုပါတယ်။     ၂ဝ၁ဝ အစောပိုင်းက အင်ဒိုနီးရှားနိုင်ငံဟာ ယခုနှစ် ပထမ ၅ လရဲ့လိုအပ်ချက်အတွက် တန်ချိန် ၅ သိန်း တင်သွင်းခဲ့ပြီး၊ ၂ဝဝ၉ ခုနှစ်မှာ တန်ချိန် ၂၅ဝဝဝဝ သာတင်သွင်းခဲ့တယ်လို့သိရပါတယ်။ အစိုးရအနေနဲ့ လာမယ့်နှစ် တွေမှာ သကြား တင်သွင်းမှုလျော့ချရေး၊ အထွက်နှုန်းတိုးမြင့်ရေးနဲ့ စက်ရုံများ ပိုမိုကောင်းမွန်အောင် အပါအဝင် စီမံချက် အမျိုး မျိုးချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါပေမဲ့ ရာသီဥတုဆိုးဝါးခြင်းက တောင်သူများရဲ့အထွက်ကို ထိခိုက်စေလျက် ်ရှိတယ်လို့ ကုန်သွယ်ရေးဝန်ကြီးက ပြောကြားပါတယ်။  ယမင်းခင်၊Source: the Jakarta Post