Main menu

Background

မြန်မာ့ရွှေဈေး အနည်းငယ်ပြန်လည်ကျဆင်း နိုဝင်ဘာလအတွင်း ရွှေဈေး ယခုထက် ပိုမိုမြင့်တက်လာနိုင်ဟု ဆို

Wed, 11/13/2013 - 14:43 -- ydnar

မြန်မာ့ရွှေဈေးသည် ယခုတစ် ပတ် အတွင်းတွင် အမြင့်ဆုံးဈေးအဖြစ် အောက်တိုဘာလ ၂၉ရက်နေ့က တစ် ပတ်အတွင်း အမြင့်ဆုံးဈေးသို့ ရောက် ရှိခဲ့သော်လည်း နောက်ရက်ပိုင်းတွင် ပြန်လည်ကျဆင်းသွားခဲ့ကြောင်း သိရ သည်။ လာမည့်နိုဝင်ဘာလအတွင်း အိန္ဒိယနိုင်ငံနှင့်တရုတ်နိုင်ငံတို့မှ ရွှေ ဝယ်လိုအားများ မြင့်တက်လာနိုင်မှု ကြောင့် ယင်းလတွင် ရွှေဈေးများမြင့် တက်လာနိုင်ကြောင်း မြန်မာနိုင်ငံရွှေ လုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဦးကျော်ဝင်းက သုံးသပ်ပြောကြားခဲ့ သည်။

"နောက်လထဲမှာ တရုတ်မှာ ရော အိန္ဒိယမှာပါ ပွဲတော်တွေရှိနေ တဲ့အတွက် ရွှေဝယ်လိုအားတွေ မြင့် တက်လာနိုင်တယ်။ အဲဒီလို ဝယ်လို အားမြင့်တက်လာရင် ရွှေဈေးက တက်လာမှာပဲ။ ကမ္ဘာ့ရွှေဈေးအတက် အကျပေါ်မူတည်ပြီး မြန်မာ့ရွှေဈေး ကလည်း တက်လာနိုင်ပါတယ်"ဟု ၎င်းက သုံးသပ်ပြောကြားခဲ့သည်။ကမ္ဘာ့ရွှေဈေးသည် အမေရိကန် ဗဟိုဘဏ်၏ငွေကြေးဆိုင်ရာပေါ်လစီ အပြောင်းအလဲများနှင့် တရုတ်နှင့် အိန္ဒိယတို့၏ရွှေဝယ်လိုအား ပေါ်မူ တည်၍ ပြောင်းလဲနိုင်သဖြင့် ကမ္ဘာ့ ရွှေဈေးပေါ်တွင် တည်မှီနေသည့် မြန် မာ့ရွှေဈေးသည်လည်း လိုက်လံပြောင်း လဲနိုင်ကြောင်း ရွှေကုန်သည်ဦးစံမြင့်က ပြောကြားသည်။"နိုဝင်ဘာလထဲမှာတော့ ရွှေ ဈေးနည်းနည်းပြန်တက်လာနိုင်တယ်။ အဓိကကတော့ ဝယ်လိုအားမြင့် တက်လာနိုင်တာကြောင့်ပါ။ ဝယ်လို အားမြင့်တက်လာရင် ရွှေဈေးက တက်လာနိုင်တာပဲ။ ဒါကတော့ ယေ ဘုယျသဘော သုံးသပ်ကြတာပါ။ ကမ္ဘာ့ရွှေဈေးတက်လာရင် မြန်မာ့ရွှေ ဈေးလည်းတက်လာမှာပဲ။ ဒီနေ့ (အောက်တိုဘာ ၃၀)ရက်နေ့မှာ တော့ ရွှေဈေးက နည်းနည်းကျသွားတယ်။ မနေ့ကထက် တစ်ထောင်လောက်ကျ သွားတယ်။ ကမ္ဘာ့ရွှေဈေးက ၁၃၄၄ ကနေ ၁၃၃၅ အထိကျသွားတယ်။ တကယ်ဆို ၁၀ ဒေါ်လာလောက် ကျသွားတာဆိုပေမယ့် မြန်မာ့ရွှေဈေး ကိုတွက်ကြည့်ရင် တစ်ဒေါ်လာ တန်ဖိုးလောက်ပဲကျသွားတာပါ"ဟု ၎င်းက ဆိုသည်။မြန်မာ့ရွှေဈေးသည် အောက်တို ဘာ ၂၇ရက်နေ့က အခေါက်ရွှေတစ် ကျပ်သားလျှင် ၆၉၃၅၀၀ ရှိခဲ့ပြီး အောက်တိုဘာလ ၂၉ ရက်နေ့က ကျပ် ၆၉၅၀၀၀ သို့ တစ်ပတ်အတွင်း အမြင့် ဆုံးဈေးဖြစ်ခဲ့သည်။ အောက်တိုဘာလ ၃၁ရက်နေ့တွင်မူ ကျပ် ၆၉၂၅၀၀ ဖြစ်ခဲ့ ပြီးနိုဝင်ဘာလ ၁ ရက်နေ့တွင်၆၈၇၀၀၀ သို့ ပြန်လည်ကျဆင်းခဲ့သည်။ကမ္ဘာ့ရွှေဈေးသည် အောက်တို ဘာ ၂၇ရက်နေ့က တစ်အောင်စလျှင် ၁၃၅၀ ဒေါ်လာရှိခဲ့ပြီး အောက်တိုဘာ ၂၉ရက်နေ့တွင် ၁၃၅၄ ဒေါ်လာသို့ မြင့်တက်ခဲ့ပြီး အောက်တိုဘာ ၃၁ရက် နေ့တွင် ၁၃၃၅ ဒေါ်လာ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ၁၃၂၃ ဒေါ်လာသို့ ကျဆင်းခဲ့သည်။မယ်သီတာ