Main menu

Background

ရှစ်လနီးပါးအတွင်း အမြင့်ဆုံးသို့ ရောက်ရှိပြီးမှ စားအုန်းဆီဈေး အတက်အကျမရှိ တန်းနေ

Wed, 11/13/2013 - 15:00 -- ydnar

မလေးရှားစားအုန်းဆီ ကြိုရောင်းဈေးက ယခင်ရက်နဲ့ နှိုင်းယှဉ်ရင် ရှစ်လ အတွင်းအမြင့်ဆုံးဖြစ်ခဲ့ပြီးနောက် အောက်တိုဘာ ၃၁ ရက်နေ့မှာ အရောင်းအဝယ် အနည်းငယ်တန်းနေတာကို တွေ့ရပါတယ်။ အထွက်နှုန်းကျဆင်းလို့  ဖြစ်လာရတဲ့ ဈေးနှုန်းအတက်မှာ ကုန်သည်တွေက ပြန်လည်အားယူလာကြတာကို တွေ့ရပါ တယ်။

နေ့လည်ပိုင်းမှာ ဇန်နဝါရီကြိုရောင်းဈေးကွက် စံထားဈေးနှုန်းက ဘာဆာ မလေးရှားဒိုင်မှာ သုည ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန်ကို ရင်းဂစ် ၂၅၅၀ (ကန်ဒေါ်လာ ၈၁၀)ရှိခဲ့ပါတယ်။ စောစောပိုင်းက တစ်တန်ကို ၂၅၇၃ ရင်းဂစ်ထိရောက်ရှိခဲ့ပြီး၊ ဖေဖော်ဝါရီ ၂၀ ရက် နောက်ပိုင်းအမြင့်ဆုံးဈေးနှုန်း နီးပါး ရှိခဲ့ပါတယ်။ အောက်တိုဘာ မလေးရှား ဆီအုန်းထွက်ကုန်တင်ပို့မှုက သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး၊ စက်တင်ဘာလက တင်ပို့ခဲ့တဲ့ ၁၅၃၀၂၉၂ တန်အောက် ကျဆင်းပြီး၊ ၁၅၂၁၉၂၈ တန်ထိရောက်ရှိခဲ့ကြောင်း၊ ကုန်စည်တင်ပို့မှုကို စစ်တမ်း ကောက်သူ  Intertek  Testing  services (ITS)ကပြောပါတယ်။ ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှုရဲ့ ၉၀ ရာခိုင်နှုန်းကို ထုတ်လုပ်နေတဲ့ အင်ဒိုနီးရှား နဲ့ မလေးရှား နှစ်ခုစလုံးက မုတ်သုန်ရာသီကာလဖြစ်နေပြီး၊ ထုတ်လုပ်မှုကို ကနဦး ခန့်မှန်းချက်အောက်ချပြီး ခန့်မှန်းကြပါတယ်။ မလေးရှားရဲ့ စုစုပေါင်း ကုန်သွယ်မှုပမာဏက ၂၅ တန်ရှိ အတွဲပေါင်း ၉၀၉၃ တွဲရှိခဲ့ရာ ပုံမှန်ရောင်းဝယ်နေကြ ဖြစ်တဲ့ ၁၂၅၀၀ တွဲအောက်ကျဆင်းနေပါတယ်။ စာရင်းဇယားကိန်းဂဏန်းများအရ မလေးရှားစားအုန်းဆီဈေးက တစ်တန်ကို ၂၆၃၀ ရင်းဂစ်ထိရှိမယ်လု့ိ ခန့်မှန်းထားပါတယ်။ အခြားဈေးကွက်တွေမှာ အမေရိကန်ပဲပုပ်ဆီရဲ့ ဒီဇင်ဘာကြိုရောင်းဈေးက သုည ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် ဒါလီယံကုန်စည်ဒိုင်မှာ မေ ပဲပုပ်ဆီကြိုရောင်းဈေးက အပြောင်းအလဲမရှိသလောက် ဖြစ်ခဲ့ပါတယ်။UNT