၂၀၁၀ ခုနှစ်မှစ၍ ကမ္ဘာ့ရွှေဈေးသည် သိသိသာသာ ဈေးမြင့်လာခဲ့သည်။ အဓိကအကြောင်းရင်း မှာ၊ အမေရိကန်ဒေါ်လာတန်ဖိုး ခိုင်မာမှုအားပျော့လာသောကြေင့် ဖြစ်သည်။ ၂၀၁၀ခုနှစ်မှ ၂၀၁၂ခုနှစ်ထိ ဆက်တိုက်အားပျော့လာသဖြင့် ရင်းနှီးမြှုပ်နှံသူများသည် ရွှေကို ပိုမိုရင်းနှီးမြှုပ်နှံလာသောကြောင့် ကမ္ဘာ့ ရွှေဈေးကို မြင့်တက်စေခဲ့သည်။
WSJ (Wall street journal) တွင်ဖော်ပြထားချက်အရ ၂၀၁၃ခုနှစ်တွင် အမေရိကန်၏ ဂျီဒီပီ သည်၊ ဒုတိယသုံးလပတ်တွင်၂ ဒသမ ၅ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ပြီးနောက် တတိယသုံးလပတ် (ဇူလိုင်မှ စက်တင်ဘာလထိ) တွင် ၂ ဒသမ၈ ရာခိုင်နူန်းထိ ဆက်လက်မြင့်တက်လာခဲ့သည်။ အမေရိကန် စီးပွားရေးတိုးတက်လာမှုကြောင့် ကမ္ဘာ့ရွှေဈေး သီတင်းနှစ်ပတ်ဆက်တိုက်ဈေးကျဟု ခေါင်းစီးဖြင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရိုက်တာ (Reuter) သတင်းတွင် ဖော်ပြထားသည်။ ထို့အတူ ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင်လည်း ရိုက်တာ (Reuter) သတင်းအရ အမေရိကန်အလုပ်သမားဌာန (US Labour Department)မှ အလုပ်အကိုင်သစ်များရရှိသူဦးရေမှာ မှန်းဆချက်ထက် ပိုလွန်လာခဲ့သည်။ ပြီးခဲ့သည့်လက အလုပ်နေရာ ၂၀၄၀၀၀ နေရာဖန်တီးပေးနိုင်ခဲ့သဖြင့် မှန်းဆထားခဲ့သော အလုပ်နေရာ ၁၂၅၀၀၀ ထက်ပိုလွန်လာခဲ့သဖြင့် အစိုးရ၏လုပ်ငန်းများ တစ်စိတ်တစ်ပိုင်းရပ်တန့်ခဲ့သည်တိုင် နိုင်ငံ၏ စီးပွားရေးအပြောင်းအလဲကို ဆောင်ရွက်နိုင်ကြောင်းပြသလိုက်သည်။ အမေရိကန်၏စီးပွားရေး ပြန်လည် တိုးတက်လာသဖြင့် အမေရိကန်ဒေါ်လာနှင့် အဓိကငွေကြေးများလဲလှယ်ရာတွင်၊ ကန်ဒေါ်လာတန်ဖိုး သည် နှစ်လနီးပါးအမြင့်ဆုံးဖြစ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။ ကန်ဒေါ်လာတန်ဖိုး ခိုင်မာမှုပြန်လည် ကောင်းမွန်လာခဲ့သည် ကိုဖော်ညွှန်းထားခြင်းပင်ဖြစ်ပါသည်။ ယင်းအချက်သည် ကမ္ဘာ့ရွှေဈေးကျဆင်း မှုကို ဖြစ်ပေါ်စေခဲ့သည်။ ဇယား-၁။ လအလိုက် ပျမ်းမျှကမ္ဘာ့ ရွှေဈေး၊ ရန်ကုန်ရွှေဈေးနှင့် ရန်ကုန်တွင်ကန်ဒေါ်လာ နှင့် မြန်မာ ကျပ်ငွေ လဲလှယ်မှု (၂၀၁၃ခုနှစ်)လအမည် နံနက်ပိုင်းကမ္ဘာ့ရွှေဈေး ရန်ကုန်ရွှေဈေး ရန်ကုန်တွင်ကန်ဒေါ်လာနှင့် ------- (ကန်ဒေါ်လာ။အောင်စ- ၁ကျပ်သားဈေး(ကျပ်) မြန်မာကျပ်ငွေလဲလှယ်မှု ------- USD per ounce) (USD=Ks)ဇန်နဝါရီ ၁၆၇၃ ၇၆၄၇၉၆ ၈၅၇ဖေဖေါ်ဝါရီ ၁၆၃၃ ၇၅၂၈၀၉ ၈၅၉မတ် ၁၅၉၁ ၇၄၃၆၃၉ ၈၇၈ဧပြီ ၁၄၉၁ ၇၂၆၅၅၀ ၈၈၅မေ ၁၄၁၇ ၇၀၉၃၉၂ ၉၂၅ဇွန် ၁၃၄၃ ၇၀၁၇၂၈ ၉၆၄ဇူလိုင် ၁၂၈၅ ၆၈၉၈၇၂ ၉၈၈သြဂုတ် ၁၃၄၈ ၇၀၂၃၇၄ ၉၇၂စက်တင်ဘာ ၁၃၅၁ ၇၀၅၆၄၄ ၉၇၃အောက်တိုဘာ ၁၃၁၆ ၆၈၈၂၇၂ ၉၇၁နိုဝင်ဘာ ၁၃၁၀ ၆၈၅၀၀၀ ၉၇၁(၈ရက်နေ့)ရန်ကုန်ငွေကြေးလဲလှယ်သူများ၏ ရောင်းဈေး ဖြစ်ပါသည်။ရန်ကုန်အကယ်ဒမီရွှေဈေးဖြစ်ပါသည်။ ဇာစ်မြစ်-www.etrademyanmar.com
ပုံ-၁။ နေ့စဉ် ရန်ကုန်တွင်ဖြစ်ပေါ်သည့် ရွှေဈေးနှင့် ကန်ဒေါ်လာရောင်းဈေး (၂၀၁၃ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ ၈ ရက်နေ့ထိ)
ပုံ-၂။ နေ့စဉ်နံနက်ပိုင်း ကမ္ဘာ့ရွှေဈေးနှင့် ရန်ကုန်တွင် ဖြစ်ပေါ်သည့်ရွှေဈေး (၂၀၁၃ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ ၈ ရက်နေ့ထိ)
နေ့စဉ် နံနက်ပိုင်း ကမ္ဘာ့ရွှေဈေး၊ ရန်ကုန်ရွှေဈေးနှင့် ရန်ကုန်ငွေကြေးလဲလှယ်သူများ၏ ကန်ဒေါ်လာ ရောင်းဈေးများကိုလအလိုက် ပျမ်းမျှဈေးအဖြစ် တွက်ချက်၍၊ ဇယား-၁ တွင် ဖော်ပြထားပါသည်။ နံနက်ပိုင်း ကမ္ဘာ့ရွှေဈေးသည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး တစ်လလုံးပျမ်းမျှ အနေဖြင့် တစ်အောင်စကို ကန်ဒေါ်လာ ၁၆၇၃ ထိ ဖြစ်ခဲ့သည်။ ထို့နောက် ကမ္ဘာ့ရွှေဈေးကျလာခဲ့သည်။ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် နံနက်ပိုင်း ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စကို ကန်ဒေါ်လာ ၁၃၁၀ ထိဖြစ်သွားခဲ့သည်။ ဇယား-၁ကို ကြည့်ရှုရန်ဖြစ်ပါသည်။ ကမ္ဘာ့ရွှေဈေးကျဆင်းမှုသည်မြန်မာ့ရွှေဈေးကျဆင်းမှုကိုပါဖြစ်ပေါ်စေခဲ့သည်။ ရန်ကုန်ရွှေဈေး (အကယ်ဒမီ) သည် ဇန်နဝါရီလပျမ်းမျှအနေဖြင့် ၁ကျပ်သားကို ၇ သိန်း ၆ သောင်း ကျော်ဈေး ဖြစ်ခဲ့ ရာမှ ဈေးကျသွားခဲ့သည်။ ယခု နိုဝင်ဘာလ ၈ ရက်နေ့တွင် ၁ကျပ်သားကို ကျပ် ၆ သိန်း ၈ သောင်း ကျော်ထိ ဖြစ်သွားခဲ့သည်။ ဇယား-၁ နှင့် ပုံ-၂ ကိုကြည့်ရှုရန်ဖြစ်ပါသည်။ သို့သော် ရန်ကုန်ငွေကြေးလဲလှယ်သူများ၏ ကန်ဒေါ်လာရောင်းဈေးမှာ ဇန်နဝါရီလပျမ်းမျှအနေဖြင့် ၈၅၇ ကျြပ်ဖစ်ခဲ့ရာမှ ၂၀၁၃ခုနှစ် ဇွန်လ၂၈ ရက်နေ့တွင် ကန်ဒေါ်လာရောင်းဈေးသည် ၁၀၀၇ ကျပ်ထိ အမြင့်ဆုံးအဖြစ် ဖြစ်သွားခဲ့သည်။ ၂၀၁၃ခုနှစ်အတွင်း ဇွန်လသည် ကန်ဒေါ်လာရောင်းဈေး အမြင့်ဆုံး ဖြစ်ခဲ့သောလဖြစ်သည်။ ထို့နောက် ကန်ဒေါ်လာရောင်းဈေးသည် ၉၇၀ ကျပ် နှင့်အထက် ပတ်လည် တွင်သာဖြစ်ပေါ်ခဲ့သည်။ ပုံ-၁ ကိုကြည့်ရှုရန်ဖြစ်ပါသည်။ ရန်ကုန်တွင်ရွှေဈေးကျလာသော်လည်း ဇန်နဝါရီလပျမ်းမျှကန်ဒေါ်လာရောင်းဈေးသည် ၈၅၇ ကျပ်မှ ပြန်မြင့်လာသဖြင့် ကန်ဒေါ်လာတန်ဖိုး သည် ရွှေဈေးထက် ပိုမိုခိုင်မာလာသည့်အခြေအနေမျိုးဖြစ်ပေါ်သည်ဟု စိစစ်သုံးသပ်ရရှိပါသည်။ ယခုအချိန်သည် အောက်မြန်မာပြည်ဒေသတွင် မိုးစပါးရိတ်သိမ်းချိန်ကာလဖြစ်သည်။ မိုးစပါးစိုက် လယ်သမားများသည် မိမိတို့ စပါးရောင်းရငွေမှ ပိုလျှံသောငွေကို ရွှေ ဝယ်ယူမည်ဆိုပါက ရန်ကုန်ရွှေဈေး ကျလာခြင်းသည် ကောင်းမွန်သောသတင်းအချက် ဖြစ်ပေသည်။ ယခင်ရွှေဈေးမြင့်ချိန်က ရွှေဝယ်ယူမိ သူများအတွက် ရန်ကုန်ရွှေဈေးကျလာခြင်းသည် စီးပွားရေးတွက်ခြေမကိုက်သောသတင်းဟု ပြောဆိုကြ မည်ဖြစ်ပါသည်။ ကန်ဒေါ်လာခိုင်မာမှု၊ ကမ္ဘာ့ရွှေဈေး အပြောင်းအလဲတို့သည် ရင်းနှီးမြှုပ်နှံလုပ်ကိုင် သူများအတွက် အရေးပါသောစီးပွားရေးသတင်းအချက်အလက်ဖြစ်သည်ဟု စိစစ်သုံးသပ်ရရှိပါသည်။
