ထိုင်းဆန်နဲ့ တရုတ်အဆင့်မြင့် အမြန်ရထား အလဲအလှယ်လုပ်ဖို့ ထိုင်းအစိုးရအဖွဲ့ သဘောတူ

ထိုင်း ဝန်ကြီးချုပ် ယင်လပ်အစိုးရ အဖွဲ့က အရှေ့တောင်အာရှနှင့် အာရှ နိုင်ငံမှာ ထိုင်းနိုင်ငံအား ခေတ်မီ တိုး တက်သောနိုင်ငံတစ်နိုင်ငံအဖြစ် ၂၀၂၀ ခုနှစ်တွင် အောင်မြင်စွာ အကောင် အထည်ဖော်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ၎င်း၏စီမံကိန်းကို ထိုင်းနိုင်ငံမှစိုက်ပျိုးရေးထွက်ကုန်များနဲ့ တစ်ပိုင်းတစ်စ ပါဝင်နိုင်ရန် လုပ်ဆောင် နေပါတယ်။

ထိုင်းအစိုးရအဖွဲ့ဟာ ထိုင်းနိုင်ငံက ထွက်ရှိတဲ့ ဆန်စပါး အပါအဝင် အခြား သီးနှံများနဲ့ တရုတ်နိုင်ငံမှ အဆင့်မြင့် အမြန်ရထားအား လဲလှယ်ရန် အစိုးရ ဝန်ကြီးများအဖွဲ့ကသဘောတူကြကြောင်း၊ အဆိုပါ အဆင့်မြင့်အမြန် ရထားအား ထိုင်းနှင့်လာအိုနိုင်ငံနယ်စပ် နခေါင်း ရတ်ချစီမားခရိုင်၊ နောင်းခိုင် ခရိုင်မှ ဘန်ကောက်မြို့သို့ ပြေးဆွဲမှာ ဖြစ်ပြီး အမြန်ရထားလမ်းအတွက် အသုံးပြုရန် အစိုးရ အဖွဲ့၏သဘောတူညီချက်တွင် ထိုင်းနိုင်ငံမှ ထွက်ရှိသော ဆန်တန်ချိန် ၁ သန်းနှင့် အခြားစိုက်ပျိုး ထွက်သီးနှံ များအပြင် အဆင့်မြင့် အမြန်ရထား တန်ဖိုးငွေ ၅၀ ရာခိုင်နှုန်းကို ငွေသား အဖြစ် လဲလှယ်ကြမည် ဖြစ်ကြောင်း၊ ဆန်တန်ချိန် ၁ သန်းကို ထိုင်း အစိုးရ အနေနဲ့သုံးရစ်ခွဲ၍ပေးသွားရန် သဘော တူထားကြပါတယ်။ပထမအကြိမ်အဖြစ် ဆန်တန်ချိန် ၅ သိန်းကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၄ ခုနှစ် ဧပြီလ အတွင်းတွင်လည်းကောင်း၊  ဒုတိယ အကြိမ်အဖြစ် ၂၀၁၄ ခုနှစ် ဇွန် လမှ အောက်တိုဘာလ အတွင်း ဆန် တန် ချိန် ၃ သိန်းကို လည်းကောင်း နောက် ဆုံး အကြိမ်အဖြစ် ၂၀၁၄ ခုနှစ် နိုဝင် ဘာလမှ ဒီဇင်ဘာလ အတွင်း ဆန် တန်ချိန် ၂ သိန်းကိုလည်းကောင်း တင်ပို့ ပေးရမှာပါ။ ၎င်းနောက် ထိုင်းမှ တင်ပို့ သောဆန်တန်ချိန် ၁ သန်းသည် အဆင့် မြင့် အမြန်ရထား တန်ဖိုးငွေ၏ ၅၀ ရာခိုင်နှုန်းသာရှိ၍ ကျန်တန်ဖိုးငွေ ၅၀ ရာခိုင်နှုန်းကို ထိုင်းအစိုးရ အနေနှင့် ငွေ သားဖြင့် ထပ်မံပေးချေရမည် ဖြစ် ကြောင်း၊ သို့သော် ထိုင်းမှဆန်တန်ချိန် ၁ သန်းနှင့် အခြားသီးနှံများကို တရုတ် နိုင်ငံမှ အဆင့်မြင့်အမြန်ရထား ဖြင့် လဲလှယ်ခြင်းကို တရုတ်အစိုးရအနေနှင့် သဘောတူသော်လည်း တရုတ်နိုင်ငံ ဟေလုန် ကျင်းပြည်နယ်တွင်ရှိသော အဆင့်မြင့်အမြန်ရထားထုတ်လုပ်သော ပင်တာဟုန်ကုမ္ပဏီကို သက်ဆိုင်ရာ အဖွဲ့မှဆွေးနွေးရမည်ဖြစ်ကြောင်း၊ ၎င်းင်း ကုမ္ပဏီမှ သဘောတူညီခြင်းမရှိလျှင် အဆိုပါစီမံကိန်းသည် ရပ်ဆိုင်းနိုင်မည် ဖြစ်ကြောင်း၊ ထိုင်းဒုဝန်ကြီးချုပ်နှင့် ကုန် သွယ်ရေး ပူးတွဲဝန်ကြီး နိုင်နိဝပ်ထမ် လုန်ဆွန်စုမ်ဖိုင်စန်က ပြောကြားသွား သည်ကို ၁၀-၁၁-၂၀၁၃ ရက်နေ့ ထိုင်း စံတော်ချိန် ည ၁၀း၃၀ နာရီ TV 3 ရုပ်သံလွှင့်ဌာနမှ သတင်းထုတ်လွှင့်သွား တယ်လို့သိရပါတယ်။ကသရ (တခလ)