Main menu

Background

မုံရွာ ကုန်စည်ဒိုင် နိုဝင်ဘာ လလယ်ပဲဈေးကွက် ပဲလက်ကျန်လျော့သလို ဝယ်လိုအားလျော့နေ

Tue, 11/19/2013 - 11:51 -- ydnar

မုံရွာ ကုန်စည်ဒိုင် နိုဝင်ဘာ လလယ် ပဲဈေးကွက်မှာ ပဲအများစု လက်ကျန် လျော့နည်းလာခဲ့ပေမဲ့ ဝယ် လိုအား လျော့နေတဲ့အတွက် ကျဈေး ဖြစ်ပေါ်ကာ အရောင်းအဝယ်ပါ အေး ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။ အထူးသဖြင့် ကုလားပဲမျိုးစုံဈေးကွက် မှာ မန္တလေး၊ ရန်ကုန်ဝယ်လက်မရှိခဲ့ဘဲ ဒေသတွင်း စက်သမားအဝယ်ကိုသာ အားပြုရောင်းနေရသလို စက်သမား အများစုကလည်း ကုန်ကြမ်းဖူလုံနေတဲ့ အတွက် ဝယ်လိုအားလျော့လာကာ ယခုတစ်ပတ်မှာ ကုလားပဲမျိုးစုံဈေး ငြိမ်နေခဲ့တာတွေ့ရပါတယ်။

ပေါက်ဈေး အနေနဲ့ ကုလားပဲ ရိုးရိုးတစ်တင်း ၁၅၇၀၀ကျပ်၊ထိုင်ဝမ်တစ်တင်း ၁၅၈၀၀ ကျပ်၊ ဠ၂ တစ်တင်း ၁၆၅၀၀ ကျပ်နဲ့ ၉၂၉ တစ်တင်း ၁၅၈၀၀ ကျပ်တွေမှာ ငြိမ်နေပြီး၊ အရောင်းအဝယ်အားဖြင့် တစ်ရက်ကို အိတ် ၅၀၀ မှ ၁၀၀၀ ကြား သာ ဖြစ်ခဲ့တယ်လို့ ကုန်သည်ရပ်ကွက် က ဆိုပါတယ်။ ယခုတစ်ပတ် ပဲစင်းငုံနီဈေးကွက် မှာလည်း ကုန်သည်လက်ကျန် ပဲလျော့ လာသလို ရန်ကုန်လက် အဝယ်ပေါ် မူတည်ပြီး၊ ပေါက်ဈေး အတက်အကျ အနည်းငယ်ပြောင်းခဲ့တာတွေ့ရပါတယ်။ လှောင်လက်အများစုက ဈေးကွက်ကို စိတ်ကုန်ပြီး၊ လက်ကျန်ပဲမှန်သမျှ ထုတ် ရောင်းခဲ့ကြကာ၊ ဇွဲကောင်းခေါင်းမာတဲ့ ကုန်သည် တချို့ထံမှသာ ပဲလက်ကျန် ရှိတော့တယ်လို့ ဒိုင်ရပ်ကွက်ကဆိုပါ တယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ် ခဲ့တဲ့ ပေါက်ဈေးမှာ တစ်တင်း ၁၇၅၀၀ ကျပ်မှ ၁၇၇၀၀ ကျပ်ကြားရှိခဲ့ပြီး၊ အရောင်းအဝယ်အနေနဲ့ တစ်ရက်အိတ် ၂၀၀ မှ ၅၀၀ ကြားသာရှိခဲ့တယ်လို့ သိ ရပါတယ်။ ဝယ်လိုအားရှိပေမဲ့ နယ်ပစ္စည်း မဝင်တဲ့စိမ်းကြီးကယခုတစ်ပတ်မှာလည်း တစ်တင်း ၂၇၀၀၀ ကျပ်မှာ ဈေးငြိမ်နေ ပြီး၊ ရန်ကုန်ဝယ်လက်ရှိတဲ့ စိမ်းသေးက တစ်တင်း ၂၅၀၀၀ ကျပ်ပေါက်ဈေးဖြစ် ခဲ့ကာ အရောင်းအဝယ်အားဖြင့် ရာ ဂဏန်းမျှသာ ဖြစ်ခဲ့တယ်လို့ ပွဲရုံ ရပ် ကွက်က ဆိုပါတယ်။ မတ်ပဲဈေးလည်း ယခုတစ်ပတ် ထဲမှာ တစ်တင်း ၁၇၂၀၀ ကျပ်ထိ ကျ သွားပြီး၊နယ်အဝင်နည်းပေမဲ့ လက်ကျန် ရှိတဲ့ ကုန်သည်အရောင်းကြောင့် တစ်ရက်အိတ် ၂၀၀ ဝန်းကျင်ဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။ ဒေသတွင်း လက်လီအရောင်း အဝယ်သာဖြစ်နေတဲ့ ပဲဈေးကွက်မှာ တော့ စွန်တာနီဟာ တစ်တင်း ၂၀၆၀၀ ကျပ်၊ ပဲနီလုံးကြားတစ်တင်း ၂၃၇၀၀ ကျပ်၊ ကသဲပဲတစ်တင်း ၂၁၁၀၀ ကျပ်နဲ့ ပဲပုပ်စေ့တစ်တင်း ၂၂၀၀၀ ကျပ်အသီး သီး ဈေးငြိမ်နေခဲ့ကာ ပဲလက်ကျန်ရှိတဲ့ ကုန်သည်တချို့ဒိုင်ဈေး ဖွင့်တင်ခဲ့လို့ ပဲလွန်းပြာတစ်တင်း ၃၂၀၀၀ ကျပ်နဲ့ ပုဂံ ပဲတစ်တင်း ၃၀၀၀၀ ကျပ်အသီးသီးဈေး ပေါက်ခဲ့သလို လက်လီအရောင်းအဝယ် သာ ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က သိရ ပါတယ်။ ထွန်းလှိုင် - မုံရွာ