Main menu

Background

၂ဝ၁၁ခုနှစ်အတွက် အီရတ်ဂုံျနဲ့ဆန် အဝယ်တင်ဒါများခေါ်ယူမည်

Tue, 09/14/2010 - 10:24 -- Anonymous (not verified)

 ၂ဝ၁၁ခုနှစ်အတွက် အီရတ်ဂုံျနဲ့ဆန် အဝယ်တင်ဒါများခေါ်ယူမည်    အီရတ်နိုင်ငံ ကောက်ပဲသီးနံှအဖွဲ့မှ ၂ဝ၁၁ ခုနှစ်အတွက် ဂုံျနဲ့ဆန်တင်သွင်းဖို့ အဝယ်တင်ဒါများ အောက်တိုဘာ ဒုတိယလဝက်မှာ ခေါ်ယူသွားမယ်လို့ စက်တင်ဘာလ ၁ ရက်နေ့ကပြောကြားခဲ့ပါတယ်။ ကမ္ဘာမှာ ဂုံျနဲ့ဆန် တင်သွင်းမှု အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အီရတ်ဟာ ဆန်အများစုကို အများပြည်သူစားနပ်ရိက္ခာ ရာရှင်စနစ်နဲ့ ရောင်းချလေ့ရှိပါတယ်။    ယင်းတင်ဒါများဟာ ဖေဖော်ဝါရီ၊ မတ်နဲ့ ဧပြီလများအထိ လုံလောက်လိမ့်မယ်လို့ အီရတ်ကောက်ပဲ သီးနံှ ကုန်သွယ်ရေး ကုမ္ပဏီ ညွှန်ကြားရေးမှူးချုပ် Muthanma Jabbar  မှ ပြောကြားပါတယ်။ ရုရှားနိုင်ငံရဲ့ မိုးခေါင် မှုကြောင့် ဖြစ်ပေါ်တဲ့ အကျပ်အတည်းက ကမ္ဘာ့ဂုံျဈေးနှုန်းကို ရိုက်ခတ်ခဲ့ခြင်းကြောင့် အီရတ်ရဲ့ကြိုပွိုင့်ဝယ်ယူမှုကိုလည်း ထိခိုက်လာနိုင် တယ်လို့ Jabbar မှ ပြောကြားပါတယ်။ အီရတ်အစိုးရဟာ ဂုံျတန်ချိန် ၁ သန်းခန့်ရောင်းချဖို့ အီရန်မှ ကမ်းလှမ်းချက်ကို စဉ်းစားနေတယ်လို့လည်းဆိုပါတယ်။                               လဝန်း၊Source: riceonline