Main menu

Background

နှမ်းဈေးကျပြီး မြေပဲဆန်ဈေး ပုံမှန်နဲ့ အရောင်းအဝယ်ရှိတဲ့ ပြည်ဈေးကွက်

Tue, 11/19/2013 - 12:06 -- ydnar

ယခုအပတ် ပြည်ဈေးကွက်မှာ နှမ်း ဈေးအေးနေပါတယ်။ ဈေးကွက်သို့ နှမ်းအဝင်နည်းသွားပြီး ပစ္စည်း လက် ကျန် ရှားသွားသလို ဈေးလည်း အနည်း ငယ်အေးပြီး အရောင်းအဝယ်လည်း ပါး နေပါတယ်။ နှမ်းအဝယ် ရှိသော်လည်း ပစ္စည်းလက်ကျန်မရှိလို့ အချို့ပဲ၊ နှမ်း ပွဲရုံများမှာ မတ်ပဲနှင့် ပဲတီစိမ်းသာ အရောင်းအဝယ်ဖြစ်နေပါတယ်။ မြေပဲ ဆန်မှာယခုချိန်ထိ အဝင်ရှိလို့ အရောင်း အဝယ်မှာ ပုံမှန်ဖြစ်လျက်ရှိပါတယ်။ ရန်ကုန်ဆီစက်နဲ့ ပြည်ဆီစက်များက အဝယ်ရှိလို့ အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ ယခုတစ်ပတ် နှမ်းနီတစ် တင်း ၄၀၀၀၀ ကျပ်နဲ့ နှမ်းနက်တစ်တင်း ၄၅၀၀၀ကျပ်ဈေးရှိပြီးနှမ်းဆီတစ်ပိဿာ လျှင် ၅၀၀၀ ကျပ်ဈေးရှိတာတွေ့ရပါ တယ်။ မြေပဲဆီဆန် တစ်ပိဿာလျှင် ၁၄၅၀ ကျပ်၊ လုံးဆန်တစ်ပိဿာလျှင် ၁၇၅၀ ကျပ်ဈေးရှိခဲ့ပြီး မြေပဲဆီတစ် ပိဿာ ၃၀၀၀ ကျပ်ဈေးနဲ့ အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ဝေေ၀မင်း-ပြည်