မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၆၄၇ သန်းတန်ဖိုးရှိတဲ့ ပဲတီစိမ်း (လုံးပြည့်) တန် ၇၆၀ ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၈၈ သန်း တန်ဖိုးရှိ (လုံးခြမ်း) ၁၆၅ တန်ခွဲတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ပဲတီစိမ်း (လုံးပြည့်) ၇၂၂ တန်ကျော်နဲ့ (လုံးခြမ်း) ၆၁ တန်သာတင်ပို့နိုင်ခဲ့လို့ ယခုအပတ် ပဲတီစိမ်း တင်ပို့မှုပိုမိုလာတာတွေ့ရပါတယ်။ မူဆယ် ၁၀၅ မိုင်ကုန်စည်ဒိုင်မှာတော့ ယခင် အပတ်က ပဲတီစိမ်း (အညာ) တစ်တန် မိမိဖက်ပေါက်ဈေး ၈၇၉၄၁၂ ကျပ်ရှိရာမှ ယခုအပတ် ၈၈၅၇၄၉ ကျပ်ကိုဈေးမြင့်တက်လာပါတယ်။ မန္တလေးမှမူဆယ်ကို နေ့စဉ်ပျမ်းမျှ ပဲတီစိမ်းတန်ချိန် ၁၀၀ ကျော်ပုံမှန်တင်ပို့လျက်ရှိပါတယ်။ မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့မှာ ယခုနှစ်မိုးရွာသွန်းမှုအခြေအနေ ကောင်းတာကြောင့် မိုးပဲတီစိမ်း (ရေဆင်း ၁၁ နှင့် ရေဆင်း ၁၄) မျိုးများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း ယခင်နှစ်အထွက်နှုန်းထက်ပိုမိုထွက်ရှိခဲ့လို့ တောင်သူတွေ ဝင်ငွေပိုမိုရရှိခဲ့ကြောင်း သိရပါတယ်။ မော်မော်အောင် MIRT (DCCA)
Background