အောင်ပန်းဈေးကွက်ကို ဒီတစ်ပတ်မှာ ချင်း(စို)အဝင်နည်းလာပါတယ်။ တန် ဆောင်မုန်းလ ကထိန်ပွဲ လုပ်နေတာရယ်၊ တောင်သူအချို့တွေကလည်း တောင်ယာ သိမ်း၊ လယ်တွေသိမ်းနေတာကြောင့် ချင်းကို သိပ်မဖော်နိုင်လို့ အဝင်နည်းသွားတာ ဖြစ်ပါတယ်။ ၅ ရက်တစ်ဈေးကို ပိဿာချိန် နှစ်သောင်းခန့်သာ အဝင်ရှိပါတော့ တယ်။ ပြည်ပဝယ်လက်မရှိပေမယ့် ပြည်တွင်းဝယ်လက် ဈေးပတ်သမားတွေနဲ့တင် အရောင်းအဝယ်သွက်နေပါတယ်။
ဟဲဟိုး၊ ပင်းတယ၊ ကလော၊ တီကျစ်စတဲ့မြို့ တွေကလည်း အောင်ပန်းဈေးကွက်ကို မဝင်ဘဲ စီးဆင်းသွားတာတွေ လည်းရှိတာ ကြောင့် မြို့နယ်တွေအကုန်က ထွက်တဲ့ချင်းတွေစုပေါင်းလိုက်ရင်တော့ တစ်ပတ်အတွင်းမှာ ပိဿာချိန် ၂ ဒသမ ၃ သိန်းစီးဆင်းသွားတယ်လို့လည်း သိရပါ တယ်။ ဟိုပုံး၊ နမ့်စန်ချင်းတွေကတော့ ဒီလကုန်(သို့) နောက်လ ပထမပတ် လောက် မှာသာ ဈေးကွက်ကိုစပြီး ဝင်လာတော့မှာဖြစ်ပါတယ်။ ချင်းစိုဈေးကတော့ တစ် ပိဿာ ၇၀၀ ကျပ် - ၇၅၀ ကျပ် - ၈၀၀ ကျပ်ဈေးရှိပါတယ်။ မူဆယ်ဝယ်လက်တွေ အဝယ်နည်းနည်းရှိလာတာကြောင့် ချင်းခြောက်က လည်း အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ်ထွက်တဲ့ ချင်းက ဈေး ကောင်းတာရယ်။ အရည်အသွေးကောင်းတာရယ်ကြောင့် ချင်းခြောက်အဖြစ် မလုပ် ကြတော့ပါဘူး။ ဒီဈေးနဲ့ ချင်းခြောက်လုပ်ခဲ့ရင်လည်း တစ်ပိဿာကို ၃၀၀၀ ကျပ်ဈေး ခန့် ကုန်ကျနိုင်တာကြောင့် မနှစ်က ချင်းခြောက်တွေကိုသာ အရောင်းအဝယ် လုပ်နေရပါတယ်။တစ်ပိဿာ ၁၄၀၀ ကျပ် - ၁၅၀၀ ကျပ်ဈေးနဲ့ ပိဿာချိန် ခြောက် ထောင်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ အောင်ပန်းကုန်စည်ဒိုင်က သိရပါတယ်။ဧဧခိုင် - တောင်ကြီး