နနွင်း ပြန်လည်တင်ပို့

သီတင်းတစ်ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၃ ရက်မှ နိုဝင်ဘာ ၉ ရက်နေ့တာကာလ အတွင်း နနွင်း ၆၁ တန်ကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံကိုနနွင်း ၅၈ တန်နဲ့ ကိုရီးယားနိုင်ငံကို ၃ တန် တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းနှစ်ပတ် တင်ပို့မှု ပျောက်ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှ ပြန်လည် တင်ပို့ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီတစ်ပတ်နနွင်းတင်ပို့မှုမှ ရရှိခဲ့တဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ နှစ်သောင်းရှစ်ထောင်ကျော် ရှိခဲ့ပါတယ်။MIRT (DOT)