နယ်စပ်ကုန်သွယ်ရေးစခန်းများက ၂၀၁၃ ခုနှစ် နိုဝင် ဘာလ ၆ ရက်မှ ၁၂ ရက်တာကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၆၃ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၁၁၂ တန် ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ၁၄ တန်ကျော် အပို့ပိုခဲ့ပြီး မြဝတီနယ်စပ်မှ တန် ၁၀၀၀၊ တမူးနယ်စပ်မှ ၄၃တန်ကျော်၊ စစ်တွေနယ်စပ်မှ ၁ တန်ကျော်၊ မောင်တော နယ်စပ်မှ ၆၉ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။
ယခင် အပတ်နဲ့နှိုင်းယှဉ်ပါကတန် ၁၁၀၀ကျော် လျော့နည်း တင်ပို့ခဲ့ ပါတယ်။ ကြက်သွန်နီအဟောင်းများသာ ရှိတော့တဲ့ အတွက် ပြည်တွင်းဈေးမြင့်နေလို့ ပြည်ပအပို့ကျနေတာလို့ သိရပါ တယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းက ကန်ဒေါ်လာ သုည ဒသမ ၀၃၆ သန်း တန်ဖိုးရှိ ကြက်သွန်နီ ၆၅ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်နဲ့နှိုင်းယှဉ်ပါက ၁၄ တန်ကျော်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းမှ ယခုအပတ်က ကြက်သွန်နီတင်ပို့နိုင်ခြင်း မရှိ၍ ယခင် အပတ်နဲ့နှိုင်းယှဉ်ပါကတန် ၁၀၀၀ လျော့နည်းတင်ပို့ခဲ့ပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေး စခန်းက ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်း တန်ဖိုးရှိ ကြက်သွန်နီ ၆ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်း ယှဉ်ပါက ၄၃ တန်ကျော်လျော့နည်းတင်ပို့ နိုင်ခဲ့ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းက ကန်ဒေါ်လာ သုည ဒသမ ၀၂၄ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၄၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်ပါကတန်ချိန်အားဖြင့် ၁ တန်လျော့ နည်း တင်ပို့နိုင်ခဲ့ပေမယ့် ဈေးနှုန်းများမြင့်တက်လာတာကြောင့် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း က ယခုအပတ်တွင် ကြက်သွန်နီ တင်ပို့နိုင်ခြင်းမရှိခဲ့ပါ။ခင်မြနွယ် MIRT (DCCA)