Main menu

Background

မြန်မာ-တရုတ်နယ်စပ်မှ ပရဆေးကုန်ကြမ်းတန် ၇၀၀ နီးပါး တင်ပို့

Tue, 11/19/2013 - 13:38 -- ydnar

နိုဝင်ဘာလ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန် ဒေါ်လာ သုည ဒသမ ၇၀၁ သန်းတန်ဖိုးရှိ ပရဆေး ကုန် ကြမ်း ၆၈၈ တန်ခန့်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှု ထက် တန် ၁၀၀ ကျော် လျော့နည်းခဲ့ပါတယ်။
 

မူဆယ် ၁၀၅ မိုင်မှ ယခင်အပတ်ကထက် ဆီးဆံ၊ နေလဲစေ့၊ တောဂျင်း၊ ကြောင်လျာစေ့တို့တင်ပို့မှုပိုမို ခဲ့သော်လည်း မိကျောင်းကွမ်း ဖတ်စေ့၊ ဝဥခြောက်၊ ဒရင်ကောက်မြစ်၊ ကွမ်းသီးခွံ၊ နနွင်း တက်၊ တောဂျူးမြစ်၊ တောင်လုံးကျော်၊ ချဉ်ပေါင်ဖာလာ (အခွံပါ) တို့တင်ပို့မှုလျော့နည်းခဲ့တဲ့အပြင် ယခင်အပတ်က တင်ပို့ခဲ့တဲ့ ရွေးရွက်နဲ့ဆေးမြင်းခွာတို့ ယခုအပတ်မှာ တင် ပို့မှုမရှိတဲ့အတွက် အပို့လျော့ရခြင်းဖြစ်ပါတယ်။ ချင်းရွှေဟော် စခန်းမှတင်ပို့သော ဒရင်ကောက်မြစ်မှာ ယခင်အပတ်ကထက် ၁၈ တန်ခန့်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ယဉ်ယဉ်အေး  MIRT ( DCCA )