Main menu

Background

ပြင်ပငွေဈေးများ အနည်းငယ်မြင့်တက်လာ

Tue, 11/19/2013 - 13:49 -- ydnar

ယခုတစ်ပတ်အတွင်းတွင် ပြင်ပ ငွေလဲနှုန်းများ မြင့်တက်လာခဲ့ကြောင်း သိရသည်။ သိြမ်ဖူငွေလဲကောင်တာ တွင်မူ ဗဟိုဘဏ်မှ သတ်မှတ်ပေးထား သည့်နှုန်းထားအတိုင်းသာ ရောင်းချ နေခဲ့သော်လည်း ပြင်ပဈေးကွက်တွင်မူ ဈေးကွက်လိုအပ်ချက်ပေါ်မူတည်၍ ဈေးမြှင့်၍ ရောင်းချနေကြကြောင်း သိရ သည်။"ဒီတစ်ပတ်ဈေးကွက်ထဲမှာ ကျွန် တော်တို့ အပြင်ဈေးကွက်မှာတော့ စင် တာတွေနဲ့စာရင် နည်းနည်း တက်လာ တယ်။

နိုင်ငံခြားသားတွေ အဝင်များ လာတာရယ်၊ ဆီးဂိမ်းပွဲအတွက် လက် မှတ်ရောင်းတာက နိုင်ငံခြားသားတွေကို ဒေါ်လာ နဲ့ရောင်းမှာဆိုတော့ ငွေဈေး တွေ တက်လာရတာပါ။ ကျွန်တော်တို့ ဒီအပြင်ဈေးကွက်မှာတော့ ဝယ်ဈေး ရော ရောင်းဈေးပါတက်တယ်။ စင် တာတွေမှာကတော့ ရောင်းဈေးပဲ တက်ပြီး ဝယ်ဈေးကိုကျတော့ သိပ် မတက်ဘူး။ ဈေးကွက်လိုအပ်ချက်အရ ဈေးတက်သွားတာပါ"ဟု ပြင်ပငွေလဲ ဈေးကွက်အတွင်းမှ ရောင်းဝယ်နေသူ တစ်ဦးက ဆိုသည်။သိမ်ဖြူငွေလဲစင်တာတွင် အမေ ရိကန်ဒေါ်လာလဲလှယ်နှုန်းသည် တစ် ပတ်အတွင်း ဝယ်ဈေး ၉၆၇ကျပ်၊ ရောင်း ဈေး ၉၇၅ကျပ်ရှိခဲ့သည်။ ပြင်ပငွေဈေး ကွက်တွင် နိုဝင်ဘာလ ၁၁ရက်နေ့က ဝယ်ဈေး ၉၇၀ကျပ်၊ ရောင်းဈေး ၉၇၁ ကျပ်ရှိခဲ့သော်လည်း နိုဝင်ဘာ ၁၅ ရက်နေ့တွင် ဝယ်ဈေး ၉၇၂ကျပ် ရောင်းဈေး ၉၇၄ကျပ်ရှိခဲ့ သည်။မယ်သီတာ