Main menu

Background

ဒီတစ်ပတ်ပင်လယ်ရေကြောင်းလမ်းမှ ဒီဇယ်နဲ့ ဓာတ်ဆီအဝင်နားခဲ့

Tue, 11/19/2013 - 13:54 -- ydnar

နိုဝင်ဘာလ ၃ရက်မှ  ၉ရက်အတွင်း  ဓာတ်ဆီနဲ့ ဒီဇယ်ကို သွင်းကုန် လိုင်စင် လျှောက်ထားခဲ့ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ ယခင်သီတင်းပတ်မှာ ဓာတ်ဆီ၊ ဒီဇယ်အဝင်တန်ချိန်တစ်သောင်း ရှစ်ထောင်ကျော်ရှိခဲ့တယ်လို့သိရပါတယ်။လချုပ် အနေနဲ့ ကြည့်မယ်ဆိုရင် အောက်တိုဘာလအတွင်း ဓာတ်ဆီ၊ ဒီဇယ်အဝင်မှာ တန်ချိန်ခုနှစ်သောင်းရှစ်ထောင်ကိုးရာကျော်ရှိခဲ့ပြီး စက်တင်ဘာလမှာ ဓာတ်ဆီ၊ ဒီဇယ်အဝင်မှာ တန်ချိန်တစ်သိန်းသုံးသောင်းကျော်ရှိခဲ့တာကြောင့် အောက်တိုဘာ လမှာတန်ချိန် ငါးသောင်းရှစ်ထောင်ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။

ပြည်တွင်းပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ နိုဝင်ဘာလ ၁၁ ရက်နေ့မှ နိုဝင် ဘာလ ၁၅ ရက်နေ့အတွင်း ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးများက ဒီတစ်ပတ် မှာ တောင်ကြီး၊ မော်လမြိုင်၊ မကွေး၊ မန္တလေးနဲ့ ရန်ကုန်မှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပြင်ပမှာ လက်လီရောင်းချနေတဲ့ဒီဇယ်၊ ဓာတ်ဆီ ပီပါ ဈေးများမှာလည်း ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင် မန္တလေး၊ ရန်ကုန်မှာဒီဇယ်ဝယ်ဈေး၊ ရောင်းဈေးငြိမ်နေပေမဲ့ ဓာတ်ဆီဈေးက ရန်ကုန်၊ မန္တလေးမှာ ဝယ်ဈေး၊ ရောင်းဈေး အနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီ^ဒီဇယ်အရောင်းအဝယ်အခြေအနေများမှာ- ရန်ကုန်ဈေးကွက်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့ ဓာတ်ဆီ၊အဆင့်မြင့်ဒီဇယ်၊ ဒီဇယ်နဲ့အောက်တိန်းဈေးမှာ ယခင်တစ်ပတ်ဈေး အတိုင်း ပဲ ရှိနေတယ်လို့သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်း ချနေတဲ့ဈေးမှာ ဓာတ်ဆီတစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ် ၉၃၀ ကျပ်၊ အောက်တိန်း ၉၁၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၉၆၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ပြင်ပ လက်လီရောင်းချနေတဲ့ ဆိုင်များမှာ ဓာတ်ဆီဈေးမှာ ပီပါဈေးများမှာ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဝယ်ဈေး ၂၁၁၀၀၀ ကျပ်ရှိရာမှ ၁၅ ရက်နေ့ မှာ၂၀၇၀၀၀ ကျပ် ကိုဈေးကျခဲ့ပြီး ရောင်းဈေးမှာ ၁၁ရက်နေ့ ၂၁၄၀၀၀ ကျပ်ရှိရာမှ ၁၅ ရက်နေ့မှာ ၂၁၆၀၀၀ ကျပ်ဈေးရှိခဲ့ကြောင်း၊ ဒီဇယ်ဈေးမှာ ၁၁ရက်နေ့ဝယ်ဈေး ၁၉၃၀၀၀ ကျပ်၊ ရောင်းဈေး ၁၉၆၀၀၀ ကျပ်နဲ့ တစ်ပတ်လုံးငြိမ်နေတယ်လို့ သိရပါတယ်။ အတက်အကျ ဖြစ်လည်း တစ်ထောင်ကျပ်ဝန်းကျင်သာရှိခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဓာတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ၄၂၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၄၃၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၃၅၀၀ ကျပ်ဝယ်ပြီး ၄၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ်အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါ တယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန် အရောင်းအဝယ်ရှိနေတယ်။ မန္တလေးဘက်မှာ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဒီဇယ်၊ ဓာတ်ဆီဈေးများ ငြိမ်နေသလို လက်လီဆိုင်များရဲ့ ဒီဇယ်ဈေးမှာ ငြိမ်နေပြီး ဓာတ်ဆီဈေးမှာ အနည်း ငယ်ကျလာတယ်လို့သိရပါတယ်။ ဒီတစ်ပတ် နိုဝင်ဘာ ၁၁ ရက်ပီပါအလိုက် ဒီဇယ် ဝယ်ဈေးမှာ ၁၉၄၀၀၀ ကျပ်၊ ရောင်းဈေး ၁၉၆၀၀၀ ကျပ် ဖြစ်ပြီး၊ ၁၅ရက်နေ့မှာ ဝယ်ဈေး၁၉၅၀၀၀ ကျပ်၊ ရောင်းဈေး ၁၉၇၀၀၀ ကျပ်ဈေးရှိခဲ့တယ်လို့ သိရပါတယ်၊၊ ဓါတ်ဆီ ပီပါဈေးမှာ နိုဝင်ဘာ ၁၁ ရက်မှာ ဝယ်ဈေး ၁၉၆၀၀၀ကျပ်၊ ရောင်းဈေး ၁၉၈၀၀၀ ကျပ်ဖြစ်ပြီး ၁၅ ရက်နေ့မှာ ဝယ်ဈေး ၁၉၅၀၀၀ ကျပ်၊ ရောင်းဈေး ၁၉၈၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ဒီတစ်ပတ် ပြင်ပ လက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဓာတ်ဆီတစ်ဂါလန်ဝယ်ဈေး ၄၄၀၀ ကျပ်  ရောင်းဈေး ၄၆၀၀ ကျပ် ဖြစ်ပြီး ဒီဇယ်က ဝယ်ဈေး ၄၂၀၀ ကျပ် ၊ ရောင်းဈေး ၄၄၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဓာတ်ဆီ၊ဒီဇယ် ၊အောက်တိန်း ဈေးငြိမ်နေတယ်လို့ သိရပါတယ်။စက်သုံး ဆီဆိုင်ရဲ့ ဓာတ်ဆ၊ီဒီဇယ်ဈေးငြိမ်နေသလို ပြင်ပလက်လီဆိုင်များမှာလည်း ဓာတ်ဆ၊ီဒီဇယ်၊ အောက်တိန်းမှာ ဈေးငြိမ်နေတယ် လို့သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ်၄၂၀၀ ကျပ်၊ အောက်တိန်း ၄၂၀၀ကျပ်နဲ့ရောင်းချပါတယ်။ ဒီတစ်ပတ် ပြင်ပ လက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးများမှာ  ဓာတ်ဆီတစ်ဂါလန် ၄၁၀၀ ကျပ်၊ ဒီဇယ်၄၂၀၀ ကျပ် ၊ အောက်တိန်း ၄၂၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရှိရပါတယ်။ ပဲခူးဈေးကွက်မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်မှာ ဈေးငြိမ် နေတယ်လို့သိရပါတယ်။စက်သုံးဆီဆိုင်ဈေးများငြိမ်နေသလိုပြင်ပလက်လီဆိုင်များ မှာ ရောင်းချနေတဲ့ ဈေးမှာလည်း ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက ဆိုင်မှာ ရောင်းချနေတဲ့ ဈေးများကတစ်ဂါလန် ဓာတ်ဆီ ၃၈၀၀ကျပ်၊ ဒီဇယ် ၄၂၀၀ ကျပ်နဲ့ရောင်းချတယ်လို့သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာဓာတ်ဆီ တစ်ဂါလန် ၄၃၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။ MIRT-DOT