Main menu

Background

ဒီတစ်ပတ် နို့မှုန့်သာ ဝင်ခဲ့

Tue, 11/19/2013 - 15:07 -- ydnar

သီတင်းတစ်ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၃ ရက်မှ၉ ရက်နေ့တာကာလအတွင်း မှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ နို့ဆီ/ နို့စိမ်းအဝင်နားခဲ့ပါတယ်။ ဒီတစ်ပတ် နဲ့ဆိုရင် နှစ်ပတ်ဆက်တိုက် အဝင်နားခဲ့တယ်လို့ သိရပါတယ်။ နို့မှုန့်က ဒီတစ်ပတ်မှာ သြစ တြေးလျ နိုင်ငံမှ ၁၇ တန်၊ နယူးဇီလန် နိုင်ငံမှ ၉၃ ဒသမ ၇၄၅ တန်နဲ့ စင်ကာပူ နိုင်ငံမှ ၁၁ ဒသမ ၄၆၉ တန်ဝင်လာ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ နယူးဇီလန်နိုင်ငံမှ အများဆုံးဝင်လာတာ တွေ့ရပါတယ်။ နို့မှုန့်က ယခင်သီတင်း ပတ်မှာ တန်ချိန် နှစ်ရာကျော်အဝင်ရှိခဲ့ တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ ယှဉ်ရင် တန်ချိန် ကိုးဆယ်ကျော်အဝင်လျော့ခဲ့ပါ တယ်။MIRT (DOT)