Main menu

Background

ယခုနှစ်ဆန်တင်ပို့မှုတိုးလာမည့် ဗီယက်နမ်နိုင်ငံ

Tue, 09/14/2010 - 10:42 -- Anonymous (not verified)

 ယခုနှစ်ဆန်တင်ပို့မှုတိုးလာမည့် ဗီယက်နမ်နိုင်ငံ     ကမ္ဘာ့ဆန်တင်ပို့သည်ဦးဆောင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်ဗီယက်နမ်နနိုင်ငံအနေဖြင့်ယခုနှစ်တွင် ပြည်ပ တင်ပို့မည့် ဆန်ပမာဏ လျော့နည်းမည်မဟုတ်ကြောင်း သိရှိရပါတယ်။ပြည်ပဝယ်လိုအားခိုင်မာလာခြင်းသည် ပြည်ပတန်းဝင်ဆန် ဈေးနှုန်းကိုတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅ဝ တိုးမြင့်လာစေတယ်လို့ နိုင်ငံ၏စိုက်ပျိုရေးဝန်ကြီးဌာနမှ သတင်းတစ်ရပ်အရ သိရပါတယ်။ယခုအချိန်တွင် ဆန်တန် ၁ သန်းလက်ဝယ်ရှိနေပြီးလာမည့်စပါးရိတ်သိမ်းရာသီတွင် ဈေးကွက်ဝင်ဆန်ပမာဏ ပိုမိုတိုးလာမှာ ဖြစ်ကြောင်း၊ လာမည့် စပါးရိတ်သိမ်းသည့်ကာလတွင် ဆန်တန်ချိန် ၃.၅သန်း ထပ်မံရရှိမည်ဟု မျှော်လင့် ထားပြီး၊ယင်းတွင် ဈေးကွက်တင်ပို့မည့်ဆန် တန် ၁.၅သန်းခန့်ရှိမှာဖြစ်ကြောင်း၊ ယခုနှစ်ကုန်အထိ ပြည်ပတင်ပို့မည့်ပမာဏကို ဆုံးဖြတ်ရန် အခြေအနေကို ချိန်ဆရ လိမ့်မည်ဖြစ်ကြောင်း၊ အဆိုပါဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ပြည့်စုံလုံလောက်သော စာရင်းများရှိစေကာမူ၊ ယခုနှစ် ပြည်ပတင်ပို့မည့် ဆန်ပမာဏမှာ တန်ချိန်(၇)သန်းထိ စံချိန်တင် ရောက်ရှိနိုင်မည်ဟူသော ခန့်မှန်းချက်များအပေါ် တစ်စုံတစ်ရာ ထင်မြင်သုံးသပ်ချက်ပေးရန်ကိုမူ ယင်းဝန်ကြီးဌာနက ငြင်းဆိုခဲ့ပါတယ်။ ဇွန်လက ဗီယက်နမ်အစားအစာ အဖွဲ့အစည်း (VFA)က ပြည်ပဆန်တင်ပို့မှုကို တန်ချိန်သန်းတစ်ဝက်တိုးပြီး ၆.၅သန်းသို့ ရည်မှန်းချက်ထားရှိ မြှင့်တင်ရန်အကြံပြုခဲ့ပါတယ်။ ယခုနှစ်ဇန်နဝါရီလမှ သြဂုတ်လအထိ ကာလအတွင်းဆန်တန်ချိန် ၄.၈ သန်း တန်ဘိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ဘီလံျကျော် တင်ပို့ခဲ့ကြောင်း၊လက်ရှိကာလတွင် ဆန်တင်ပို့သူများသည် ပြည်ပ ဝယ်လိုအားမြင့်မားလာခြင်းကြောင့် လယ်သမားများထံမှ ပိုမို ဝယ်ယူလျက်ရှိပါတယ်။ သြဂုတ်လတွင် (VFA) အနေဖြင့် ဆန်ဈေးနှုန်းကို သုံးကြိမ်မြှင့်တင်ခဲ့ပြီး၊ တစ်တန်လျှင်အမေရိကန်ဒေါ်လာ ၅ဝ တိုးမြှင့်ခဲ့ပါတယ်။ဆန်ဖြု၅% အတွက် တစ်တန်ဈေး အမေရိကန်ဒေါ်လာ ၄၅ဝနှင့်ဆန်ဖြူ ၂၅%အတွက် တစ်တန်ဈေး အမေရိကန်ဒေါ်လာ ၄၁ဝ ထားရှိခဲ့ကြောင်း၊ ဆန်တင်ပို့သူ များအနေဖြင့် အဆိုပါဈေးနှုန်းဖြင့် စာခုျပ်ခုျပ်ဆိုမှုအေးလျက်ရှိကြောင်း သိရှိရပါတယ်။HS,Source: http://uk.ibtimes.com/