Main menu

Background

ချစ်တဲ့ နှမ်း

Tue, 11/19/2013 - 15:09 -- ydnar

စဉ့်ကိုင်မြို့နယ်၊ ထန်းတောရွာနဲ့ ကန်စွယ်ရွာများမှာ စိုက်ပျိုးရေးကို အဓိက လုပ်ကိုင် ကြသော ရွာများဖြစ် ပါတယ်။ စဉ့်ကိုင်မြို့နဲ့ ၁၀မိုင်၊ ၁၂ မိုင် ခန့်သာဝေးပြီးသွားလမ်းလာလမ်းကောင်း တဲ့ရွာတွေဖြစ်ပါတယ်။ရွာမှာအခုအချိန် ကတော့ နှမ်းကို အဓိက စိုက်ပြီးနေကြ ပါပြီ။ ဒီနှစ်တွေမှာ နှမ်းကို အားထား စိုက်ရကျိုးနပ်တယ်လို့  တောင်သူကြီး ဦးမောင်မောင်ကဆိုပါ တယ်။ နှမ်းကို ဘောင်လုပ်စိုက်တာက ပိုကောင်း တယ်။

မျိုးလည်း ၂ ပြည် လောက်ပဲ ကုန်တယ်၊ ကြဲစိုက်တာကမျိုးကို ၅ ပြည် လောက်ကုန်တယ်လို့ ပြောပါတယ်။ အထွက်မှာလည်း ဘောင်စိုက်ကပိုပါ တယ်။ လက်ရှိကျောက်ဆည် နှမ်းဈေး ကွက်မှာ နှမ်းဖြူတစ်တင်းကို ၄၉၀၀၀ ကျပ်၊ နှမ်းညို တစ်တင်းကို ၄၁၀၀၀ ကျပ်နဲ့ နှမ်းနက်တစ်တင်းကို ၄၁၀၀၀ ကျပ်ဖြစ်နေလို့ ဒီဈေးနှုန်းကိုကြိုက်ပြီး စိုက်တာလို့ ဆိုပါတယ်။ ဒီဈေးနဲ့ဆိုရင် တစ်ဧကကုန်ကျစရိတ်က နှမ်းနှစ်တင်း လောက်ရရင်ကို ကျေပါတယ်လို့ ဆိုပါ တယ်။ လယ်လည်း မစိုက်သေးတာဖြစ် လို့ ဆောင်းသီးနှံဖြစ်တဲ့နှမ်းက အကျိုး အမြတ် အများအပြားရတဲ့ အကြောင်း ပြောကြပါတယ်။ ဒီနှစ် စဉ့်ကိုင်မှာ ဆောင်းနှမ်းကို ဧက ၁၀၀၀ ကျော် စိုက် ပြီးပြီလို့ သိရပါတယ်။ နှမ်းကြောင့် ရွာမှ လည်းဒီနှစ်ဆိုအလှူအတန်းတွေအများ ကြီးမြင်ရပါတယ်။ စီးပွားရေးလည်း အများကြီး တိုးတက်လာလို့ နှမ်းစိုက်ဖို့၊ နှမ်းရိတ်ဖို့နဲ့ နှမ်းထွက်ဖို့ကို လုံးပမ်းရတာ အိမ်ကမိန်းမကိုတောင်မေ့ပြီး နှမ်းကိုပဲ အမြဲသတိရနေတယ်လို့တင်စားနေတာ ကိုတောင်သူအများသိအောင် ပြောပြ ချင်ပါတယ်။     မျိုးသူ - မန္တလေး