မန္တလေးမှသည် လားရှိုးအရောက် ခရီးပေါက်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ဒေသဆန်ဈေးကွက်

ရှမ်းပြည်နယ် တောင်ပိုင်းမှာ အောက်တိုဘာ၊ နိုဝင်ဘာလကစပြီး၊ မိုးစပါးတွေရိတ်သိမ်းခဲ့ကြတာကြောင့် ဒေသခံ ဆန်လှိုင်လှိုင်ကြီးထွက်ရှိခဲ့သလို မန္တလေးနဲ့ လားရှိုးဈေးကွက်များက လည်းသူ့ထက်ငါ အပြိုင်အဆွဲ ကောင်း နေခဲ့တာ တစ်ရက်ကို ဒေသဆန် (ရှမ်း ဆန်) ၂၉ ဒသမ ၅၀ ပိဿာဝင် အိတ် ၃၀၀ မှ အိတ် ၈၀၀ ထိ မန္တလေးနဲ့ လားရှိုးမြို့များကို နေ့စဉ်တင်ပို့ရောင်းချ ခဲ့ကြောင်း၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့ နယ်(မိုးပြဲ) ကျေးရွာမှ မြတံခွန် ဆန်စက် လုပ်ငန်းရှင် ဒေါ်ပန်းဝါက ပြောပါ တယ်။

၎င်းက ဆက်လက်ပြောကြားရာ မှာ မိုးပြဲဒေသထွက် ဆန်များအနက် တရုတ်မွှေး၊ ရွှေရင်အေးနဲ့ ရွှေအပ်ဆန် များကို မန္တလေးနဲ့ လားရှိုး ဝယ်လက် များက အဓိက ဝယ်ယူကြပြီး၊ ဒီဇင်ဘာ လဆန်းပေါက်ဈေးမှာ ဆန်တစ်အိတ် ၂၁၀၀၀ ကျပ်ဖြစ်ကြောင်း သိရပါ တယ်။ အလားတူပင် လွယ်လင်ခရိုင် လဲချားမြို့နယ်ကထွက်ရှိတဲ့ ဒေသဆန် (ရှမ်းဆန်)များကိုလည်း လဲချား၊ မိုင်း ရယ် လမ်းအတိုင်း ရှမ်းပြည်နယ်မြောက် ပိုင်း လားရှိုးမြို့ကို နိုဝင်ဘာလကစပြီး၊ တစ်လကို ပိဿာ ၅၀ ဝင်ဆန်အိတ်ရေ ၃၀၀၀ မှ ၅၀၀၀ ခန့် ပုံမှန် တင်ပို့နေရ ကြောင်း၊ လဲချားမြို့မှ ဒေသခံဆန်စက် လုပ်ငန်းရှင်တစ်ဦးထံက သိရပါတယ်။မင်းအောင် - တောင်ကြီး