Main menu

Background

အသုံးနည်းလို့ အဝင်နည်းနေသေးတဲ့ ရှမ်းနနွင်း

Mon, 12/09/2013 - 11:39 -- ydnar

အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ်၊ နနွင်းအောက်စဖြစ် တဲ့ (ဒေသအခေါ်) အောင်ပန်း (၃) နဲ့ ဆင်တောင် နနွင်းက တစ်ပိဿာကို ၅၀ ကျပ်ခန့် ဈေးတက်လာပါတယ်။ အဝင်က လည်း များများစားစားမရှိလှပါဘူး။ ၅ ရက် တစ်ဈေးကို ပိဿာချိန် ထောင်ဂဏန်းခန့်သာအဝင်ရှိပါတယ်။ များများ စားစားဖြုန်းအားကလည်း မရှိတာကြောင့် ဝယ်လက်တွေ လာရင်လည်း လက်ကျန်(ပွဲရုံမှာရှိတဲ့)နနွင်းတွေကိုသာ ထုတ် ရောင်းနေကြရတယ်လို့လည်း သိရပါတယ်။

နိုဝင်ဘာလ တတိယအပတ်လောက်မှာတော့ မူဆယ်ဝယ်လက်တွေက ပိဿာချိန်နှစ်သောင်းခြောက်ထောင်ခန့် ဝယ်ယူသွားတယ် လို့လည်း သိရပါတယ်။ ဒီတစ်ပတ်တော့ ဈေးပတ်သမား တွေက အဝယ်ရှိနေပါတယ်။ ဒီလထဲမှာ အောင်ပန်းဈေးကွက် ထဲကို လွိုင်ကော် နနွင်းနဲ့ အင်းလေးနနွင်းသာ အနည်းအကျဉ်း ဝင်နေပြီး၊ အဲဒီ နနွင်းကလည်း အဟောင်းတွေသာဖြစ်တယ်လို့ သိရပါတယ်။ နနွင်းအရည်အသွေးပေါ်မူတည်ပြီး၊ ဈေးက လည်း ကွာပါတယ်။ ဒီတစ်ပတ် နနွင်းပေါက်ဈေးတွေကတော အောင်ပန်း (၃) ၆၅၀ ကျပ်၊ အောင်ပန်း (၂) ၇၀၀ ကျပ်၊ အောင်ပန်း(၁) ၈၀၀ ကျပ်နဲ့ဆင်တောင်နနွင်းက ၁၂၀၀ ကျပ် ဈေးရှိပါတယ်။ တစ်ပတ်အတွင်းပိဿာချိန် တစ်သောင်းနှစ် ထောင်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာလတစ်လ အတွင်း ပိဿာချိန် (ခုနှစ်သောင်း) အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ ဒေသခံကုန်သည်တွေထံက သိရပါတယ်။ဧဧခိုင် - တောင်ကြီး