ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မန်ကျည်း ၄၁ ဒသမ ၀၄ တန်ကို နိုဝင်ဘာ ၂၄ ရက်မှ ၃၀ ရက်အတွင်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ် ပတ်မှာ စင်ကာပူနိုင်ငံကို ၁၆ ဒသမ ၀၄ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၂၅ တန်တင်ပို့ ခဲ့ပါတယ်။
ယခင်သီတင်းပတ်မန်ကျည်းတင်ပို့မှုမှာ တန်ချိန် တစ်ရာ့နှစ်ဆယ်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ရှစ်ဆယ်ကျော် တင်ပို့မှုလျော့ခဲ့ပါတယ်။ ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုမှ ကန်ဒေါ်လာ တစ်သောင်းနှစ်ထောင်ကျော် ဝင်ငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် နိုဝင်ဘာလအတွင်း မန်ကျည်းစုစုပေါင်းတင်ပို့ ခဲ့တဲ့ တန်ချိန်မှာ ၁၆၅ ဒသမ ၂၄ တန်ရှိခဲ့ပြီး အောက်တိုဘာလမှာ တန်ချိန် ၃၀၂ တန် တင်ပို့နိုင်ခဲ့တာကြောင့် နိုဝင်ဘာလမှာ တန်ချိန် တစ်ရာ့သုံးဆယ်ကျော် တင်ပို့မှုလျော့ခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလမှာ မန်ကျည်းတင်ပို့မှုမှ ဝင်ငွေ မှာ ကန်ဒေါ်လာ သုံးသိန်းတစ်သောင်းကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)