Main menu

Background

ဒီတစ်ပတ် ဓာတ်ဆီတန်ချိန်တစ်သောင်းကျော်နဲ့ ဒီဇယ်တန်ချိန် နှစ်သောင်း ကျော်ဝင်ခဲ့

Mon, 12/09/2013 - 13:16 -- ydnar

နိုဝင်ဘာလ ၂၄ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အတွင်း ဓာတ်ဆီတန်ချိန် တစ်သောင်းကျော်နဲ့ ဒီဇယ်တန်ချိန် နှစ်သောင်းကျော်ကို သွင်းကုန်လိုင်စင် လျှောက် ထားခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ် လိုင်စင်လျှောက်ထားမှု မရှိခဲ့ပါဘဲဒီတစ်ပတ်မှသာ ပြန်လည်လျှောက်ထားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

နိုဝင် ဘာလအတွင်း ဓာတ်ဆီ၊ ဒီဇယ်တင်သွင်းမှုမှာ တန်ချိန်ကိုးသောင်း ကိုးထောင်ကျော် ရှိခဲ့ပြီး အောက်တိုဘာလ ဓာတ်ဆီ၊ ဒီဇယ်တင်သွင်းမှုမှာ တန်ချိန် ခုနှစ်သောင်း ရှစ်ထောင်ကျော်ရှိခဲ့တာကြောင့် နိုဝင်ဘာလမှာတန်ချိန်နှစ်သောင်းကျော်အဝင်ပိုခဲ့ တယ်လို့သိရပါတယ်။ ပြည်တွင်းပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ဒီဇင်ဘာလ ၂ ရက်နေ့မှ ဒီဇင်ဘာလ ၆ရက်နေ့အတွင်း ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးများက ဒီတစ်ပတ်  ရန်ကုန် မှာ ဒီဇယ်ဈေးအနည်းငယ်မြင့်လာပေမဲ့ မော်လမြိုင်၊ တောင်ကြီး၊ မကွေး၊ မန္တလေးမှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပြင်ပမှာ လက်လီရောင်းချနေတဲ့ ဒီဇယ်၊ ဓာတ်ဆီပီပါဈေးများမှာလည်း ယခင်တစ်ပတ်ဈေးနဲ့ ယှဉ်ရင် မန္တလေး၊ ရန်ကုန်မှာ ဒီဇယ်ဝယ်ဈေး၊ ရောင်းဈေးအနည်းငယ်ဈေးမြင့်လာပေမဲ့ ဓာတ်ဆီဈေးက ရန်ကုန်၊ မန္တလေးမှာ ဝယ်ဈေး ဈေးငြိမ်နေပေမဲ့ ရောင်းဈေးအနည်းငယ်ဈေးကျလာတယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့ ဓာတ် ဆီ၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းဈေးမှာ ယခင်တစ်ပတ်ဈေး အတိုင်းဘဲရှိ နေပြီး ဒီဇယ်ဈေးမှာ ၁၀ ကျပ် ဈေးမြင့်ရောင်းချတယ်လို့သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီတစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ် ၉၄၀ ကျပ်၊ အောက်တိန်း ၉၁၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၉၆၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ရောင်းချနေတဲ့  ဓာတ်ဆီ ပီပါဈေးများမှာ ဒီဇင်ဘာ ၂ ရက်နေ့မှာ ဝယ်ဈေး ၂၁၃၀၀၀ ကျပ် ရောင်းဈေး ၂၀၂၀၀၀ ကျပ် ဈေးရှိခဲ့ရာမှ ဒီဇင်ဘာ ၃ ရက်နေ့မှာ ဝယ်ဈေး ၂၁၅၀၀၀ ကျပ်၊ ရောင်းဈေး ၂၁၅၀၀၀ ကျပ်ကိုဈေးမြင့်လာသော်လည်း ဒီဇင်ဘာ၄ ရက်နေ့မှာ ဝယ်ဈေး၂၁၀၀၀၀ ကျပ်၊ ရောင်းဈေး၂၁၃၀၀၀ ကျပ်ကို ဈေးပြန်ကျလာခဲ့တယ်လို့ သိရပါတယ်။ဒီဇယ်ဈေးမှာ ဒီဇင်ဘာ ၂ ရက်နေ့ဝယ်ဈေး ၁၉၉၀၀၀ ကျပ်၊ ရောင်း ဈေး ၂၀၀၀၀၀ ကျပ်ရှိရာမှ ဒီဇင်ဘာ ၄ ရက်နေ့မှာ ဝယ်ဈေးငြိမ်နေသော်လည်း  ရောင်းဈေး ၂၀၂၀၀၀ ကျပ်ကိုဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။  ဒီတစ်ပတ်ဓာတ်ဆီဈေးကဝယ်ဈေး တစ်ဂါလန် ၄၁၀၀ကျပ်ဖြစ်ပြီးရောင်းဈေး ၄၃၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၅၀၀ ကျပ်ဝယ်ပြီး ၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ ဓာတ်ဆီ၊ ဒီဇယ်အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ မန္တလေးဘက်မှာဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဈေးမှာ  ဓာတ်ဆီ တစ်လီတာ ၉၅၇ ကျပ်၊ ဒီဇယ်တစ်လီတာ ၉၅၇ ကျပ်၊ အောက်တိန်း ၉၅၈ ကျပ်နဲ့ ရောင်းချ နေပါတယ်။ ဒီတစ်ပတ်ဒီဇင်ဘာ ၂ ရက် ပီပါအလိုက် ဒီဇယ်ဝယ်ဈေးမှာ ၂၀၃၀၀၀ ကျပ်၊ ရောင်းဈေး ၂၀၅၀၀၀ ကျပ်ဈေးနဲ့ငြိမ်နေတယ်လို့ သိရပါတယ်၊၊ ဓာတ်ဆီပီပါ ဈေးမှာ ဒီဇင်ဘာ၂ရက်မှာ ဝယ်ဈေး ၂၀၃၀၀၀ကျပ်၊ ရောင်းဈေး၂၀၅၀၀၀ ကျပ်ဈေး ရှိရာမှ ၅ ရက်နေ့မှာ ဝယ်ဈေး၂၀၀၀၀၀ ကျပ်၊ ရောင်းဈေး ၂၀၃၀၀၀ ကျပ်သို့ ဈေးကျပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပြင်ပလက်လီ ဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဓာတ်ဆီတစ်ဂါလန်ဝယ်ဈေး ၄၄၀၀ ကျပ် ရောင်းဈေး ၄၆၀၀ကျပ် ဖြစ်ပြီး ဒီဇယ်က ဝယ်ဈေး ၄၂၀၀ကျပ်၊ရောင်းဈေး ၄၄၀၀ ကျပ် ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ကပုံမှန်အရောင်းအဝယ် ဖြစ်တယ် လို့သိရပါတယ်။  ဒီတစ်ပတ်ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၄၂၀၀ ကျပ်၊ အောက်တိန်း ၄၂၀၀ ကျပ်နဲ့ ရောင်း ချပါတယ်။ ဒီတစ်ပတ် ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးများ မှာ ဓာတ်ဆီတစ်ဂါလန် ၄၁၀၀ ကျပ်၊ ဒီဇယ် ၄၂၀၀ ကျပ် ၊ အောက်တိန်း ၄၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်မှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ ဈေးများကတစ်ဂါလန် ဓာတ်ဆီတစ်လီတာ ၈၉၀ကျပ်၊ ဒီဇယ်တစ်လီတာ၉၉၀ ကျပ် ဖြစ်ပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၀၀၀ ကျပ်၊ ဒီဇယ် ၄၃၀၀ ကျပ်နဲ့ အောက်တိန်း ၄၄၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိ ရပါတယ်။         MIRT(DOT)