Main menu

Background

ကမ္ဘာ့ရောင်းလိုအားနည်းပါးမှုကြောင့် ဆန်ဈေးနှုန်းက စိုးရိမ်စရာဖြစ်လာတယ်လို့ အကြီးဆုံးဆန်ဝယ်လက်ကဆို

Tue, 09/14/2010 - 10:51 -- Anonymous (not verified)

ကမ္ဘာ့ရောင်းလိုအားနည်းပါးမှုကြောင့် ဆန်ဈေးနှုန်းက စိုးရိမ်စရာဖြစ်လာတယ်လို့ အကြီးဆုံးဆန်ဝယ်လက်ကဆို     အချို့သောဆန်တင်ပို့နိုင်ငံကြီးများမှာ ကောက်ပဲသီးနံှ အထွက် လျော့ ကျတာကြောင့် ကမ္ဘာ့ရောင်းလိုအား နည်းပါးနိုင်ခြင်းက ဆန်ဈေးနှုန်းအတွက် စိုးရိမ်စရာ ဖြစ်လာတယ်လို့ ကမ္ဘာမှာဆန်တင်သွင်းမှု အကြီးမားဆုံးဖြစ်တဲ့ ဖိလစ်ပိုင် နိုင်ငံတော် စားနပ်ရိက္ခာအာဏာပိုင်(NFA )အကြီးအကဲ Lito Banayoက ပြောကြားပါတယ်။ ကမ္ဘာ့ဆန်ရောင်းလိုအားနဲ့ ဝယ်လိုအားမျှခြေက ၂ဝဝ၈ ခုနှစ် ကလို ဆိုးရွားမှုမရှိနိုင်ပေမဲ့ ဈေးနှုန်းကိုတော့ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ FAQ ရဲ့ သြဂုတ်လ ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်းဟာ ၂ဝဝ၈ ခုနှစ် စက်တင် ဘာလ နောက်ပိုင်းမှာ အမြင့်ဆုံးပမာဏဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပါကစ္စတန်မှာ ရေလွှမ်းမိုးခြင်းနဲ့ ရုရှားက ဂံျုတင်ပို့မှု ပိတ်ပင်ခြင်းတို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းဆန်ဈေး    ချီကာကိုရဲ့ ဆန်ကြိုပွိုင့်ဈေးဟာ ဇွန်လမှာ အနိမ့်ဆုံးကို ကျဆင်းခဲ့ရာမှ ယခုအခါ ၂၃ ရာခိုင်နှုန်း ပြန်လည်မြင့်တက် လာခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာလည်း မိုးခေါင်မှုကြောင့် စပါးရိတ်သိမ်းမှု နှောင့်နှေးတဲ့အတွက် ရောင်းချမှုလျော့ကျနိုင်လို့ အောက်တိုဘာလမှာ ထိုင်းဆန် တင်ပို့ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၅၂၅ ထိ မြင့်တက်နိုင်တယ်လို့ ဆန်တင်ပို့သူများနဲ့ ကုန်သည် ၁ဝ ဦးကို စစ်တမ်းကောက်ယူမှုအရ သိရပါတယ်။ အပတ်စဉ် ထိုင်းဆန်တင်ပို့ဈေးအနေနဲ့ စက်တင်ဘာလ ၈ ရက်နေ့မှာ တစ်တန်ကို ကန်ဒေါ်လာ ၄၉၅ ကို ၅ လအတွင်း အမြင့်ဆုံးရှိခဲ့ပါတယ်။ ကမ္ဘာ့ဆန်ထွက်ရှိမှုကို FAQ က ခန့်မှန်းရာမှာ ဧပြီလက တန်ချိန် ၄၇၄ သန်း၊ ဇွန်လ ခန့်မှန်းချက်တန်ချိန် ၄၇၂ သန်းရှိခဲ့ရာမှ စက်တင်ဘာလ ၁ ရက်နေ့ ခန့်မှန်းချက်မှာ တန်ချိန် ၄၆၇ သန်းကို လျော့ကျခဲ့ပါတယ်။ ပါကစ္စတန်ကောက်ပဲသီးနံှဆုံးရှုံးမှု    ပါကစ္စတန်ကောက်ပဲသီးနံှဆုံးရှုံးမှုက ကမ္ဘာ့ဆန် ကုန်သွယ်မှု ကို ထိခိုက်နိုင်ရာ ယခုနှစ်အတွက် ကမ္ဘာ့ဆန်တင်ပို့မှုကို တန်ချိန် သန်း ၃ဝ ခန့်မှန်းထားပြီး လာမယ့်နှစ်မှာ တန်ချိန် ၂၆ သန်းသာရှိမယ်လို့ FAO  က ဆိုပါတယ်။ ပါကစ္စတန် ဆန် တင်ပို့မှုဟာ ယခုနှစ် အစပိုင်းက တန်ချိန် ၄ ဒသမ ၆ သန်း ရှိမယ်လို့ ခန့်မှန်းရာမှ တန်ချိန် ၃ သန်းကို လျော့ကျနိုင်တယ်လို့ ပါကစ္စတန် ဆန်တင်ပို့သူများအသင်းဥက္ကဌ Malik Jahangir  မှ ပြောကြားပါတယ်။     ဖိလစ်ပိုင်နိုင်ငံဟာ အယ်နီညိုကြောင့် မိုးခေါင်ခဲ့တဲ့အတွက် စိုက်ပိုျးချိန် နောက်ကျခဲ့ရပါတယ်။ ပုံမှန်အားဖြင့် အဓိက စပါးရိတ်သိမ်းမှုဟာ စက်တင်ဘာလလယ်မှာ စတင်တာဖြစ်ပေမဲ့ ယခုနှစ်မှာ အနည်းဆုံး တစ်လခန့် နောက်ကျမယ်လို့ စိုက်ပိုျးရေးဌာနက ပြောကြားပါတယ်။ မိုးခေါင်တာကြောင့် ယခုနှစ် ပထမ ၉ လအတွင်း ဖိလစ်ပိုင်ရဲ့ ဆန်ထုတ်လုပ်မှုဟာ တန်ချိန် ၉ ဒသမ ၂၄ သန်းသာ ရှိနိုင်လို့ ယခင်နှစ်ကာလတူထက် ၁၅ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းမယ်လို့ နိုင်ငံရဲ့ စိုက်ပိုျး ရေး ဆိုင်ရာစာရင်းအင်းဗူျရိုမှ ဇူလိုင်လအစီရင်ခံစာမှာဖော်ပြထားကြောင်း သိရပါတယ်။ Sources: Bloomberg .net  ၊လဝန်း