Main menu

Background

ရက်သတ္တပတ်အတွင်း ရွှေဈေးနှစ်ရာခိုင်နှုန်းကျဆင်း

Mon, 12/09/2013 - 13:28 -- ydnar

ဒီဇင်ဘာ ၅ ရက်က ရွှေဈေးနှုန်း က နိမ့်တုံမြင့်တုံရှိနေရာမှ ဒီဇင်ဘာ ၆ ရက်မှာ ရွှေဈေးနှုန်းတွေက တန့်နေပါ တယ်။ တိုးတက်ကောင်းမွန်လာတဲ့ အမေရိကန်စီးပွားရေးကိန်းဂဏန်းအချက် အလက်တွေကြောင့် အမေရိကန်ပြည် ထောင်စုရဲ့ ငွေကြေးတွန်းအားပေးအစီ အစဉ်ကို စောစောစီးစီးရုပ်သိမ်းမှာကို စိုးရိမ်ထိတ်လန့်မှုကိုဖြစ်စေခဲ့တဲ့အတွက်  ရက်သတ္တပတ်ဆက်ကျမဲ့အခြေအနေကို ဦးတည်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ငွေ ကြေးစီမံကိန်းအလျှော့အတင်းကို ပိုမို ခန့်မှန်းနိုင်စေမယ့် အမေရိကန်ပြည် ထောင်စုရဲ့ လယ်ယာလုပ်ငန်းမှအပ အလုပ်အကိုင်အခြေအနေထုတ်ပြန်မှု ကို ရင်းနှီးမြှုပ်နှံသူတွေက စောင့်ဆိုင်း နေပါတယ်။ အလုပ်အကိုင်အခြေအနေတွေ က အစီရင်ခံစာမှာပိုမိုကျဆင်းရင် အခြေအနေပိုခိုင်မာနေတာနဲ့နှိုင်းယှဉ် ရင် ဈေးနှုန်းအပေါ်ကို ပိုမိုဂယက်ရိုက် နိုင်တယ်လို့ လေ့လာဆန်းစစ်သူတွေက ခန့်မှန်းပါတယ်။ ယခင်လကတော့ အလုပ်အကိုင်တိုးတက်မှုနှုန်းက ၁၈၀၀၀၀ တိုးတက်မှုရှိခဲ့ပါတယ်။ ဂရင်းနစ်စံတော်ချိန်မနက် ၆ နာရီ ၄၈ မိနစ်မှာ လက်ငင်းဈေးနှုန်းကတစ် အောင်စကို ၁၂၂၈ ဒသမ ၀၉ ဒေါ်လာ ရှိခဲ့ပါတယ်။ ယခုရက်သတ္တပတ်စော စောပိုင်းက ရွှေဈေးက ငါးလအတွင်း အနိမ့်ဆုံးကိုရောက်ရှိခဲ့ပြီးမှ ၂ ရာခိုင်နှုန်း ထပ်မံကျဆင်းမဲ့ အလားအလာကို ပြသ နေပါတယ်။ တတိယသုံးလပတ်မှာ အမေရိကန်စီးပွားရေးခန့်မှန်းထားတာ ထက်ကျဆင်းပြီးနောက် ဒီဇင်ဘာ ၅ ရက်မှာ ဈေးနှုန်းက ၂ ရာခိုင်နှုန်းကျ ဆင်းခဲ့ပါတယ်။ ရွှေဈေးက အမေရိကန်ပြည် ထောင်စုရဲ့ ဘွန်းစာချုပ်လစဉ်ဒေါ်လာ ၈၅ ဘီလီယံဖိုးဝယ်ယူမှုနဲ့ ဆက်စပ်နေပါ တယ်။ ဒါပေမဲ့ ရောင်းလိုအားက ကျ ဆင်းနေချိန်မှာ လက်ထပ်ရာသီဝယ်လို အားကြောင့် လက်ငင်းဈေးကွက်မှာမူ အိန္ဒိယရွှေနဲ့ ပရီမီယံကြေးက ဒီဇင်ဘာ ၅ ရက်က တစ်အောင်စကို ဒေါ်လာ ၁၆၀ ထိမြင့်တက်ခဲ့ပါတယ်။UNT