Main menu

Background

နိုဝင်ဘာလအတွင်း နှမ်းတင်ပို့မှုမှ ကန်ဒေါ်လာ ၁၀သန်းကျော်

Mon, 12/09/2013 - 13:33 -- ydnar

ပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ နိုဝင်ဘာ ပထမပတ် အတွင်း နှမ်း ၁၃၅၂ ဒသမ ၇၈ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံများမှာ စင်ကာပူ၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယ၊ ဂျပန်၊ ကူဝိတ် စတဲ့ နိုင်ငံများဖြစ်ပါ တယ်။ နိုဝင်ဘာ ၁၀ ရက်မှ ၁၆ ရက် အတွင်းမှာ နှမ်း ၁၀၈၈ ဒသမ ၇၆ တန် တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ကိုရီးယား၊ ဂျပန်၊ တရုတ်၊ စင်ကာပူ နိုင်ငံကို တင်ပို့ခဲ့ပါတယ်။

နိုဝင်ဘာ ၁၇ ရက်မှ ၂၃ ရက်အတွင်းမှာ နှမ်း ၁၂၇၇ ဒသမ ၈၈ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံများမှာ ထိုင်း၊ စင်ကာပူ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့ဖြစ်ပါ တယ်။ နိုဝင်ဘာ ၂၄ ရက်မှ ၃၀ ရက် အတွင်းမှာ နှမ်း ၁၂၈၁ ဒသမ ၁၈ တန် ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား၊ အာရပ်စော် ဘွားများပြည်ထောင်စုနဲ့ ကူဝိတ်နိုင်ငံတို့ ဖြစ်ပါတယ်။ နိုဝင်ဘာလအတွင်း နှမ်း တင်ပို့မှုမှ  ကန်ဒေါ်လာ  ၁၀ သန်း ကျော် ဝင်ငွေ ရရှိခဲ့တယ်လို့ သိရပါ တယ်။ ၂၀၁၃ အောက်တိုဘာလမှာ နှမ်း တင်ပို့တန်ချိန်မှာ တစ်သောင်း တစ် ထောင်ကျော်ရှိခဲ့ပြီး နိုဝင်ဘာလမှာ နှမ်း တင်ပို့မှုမှာ တန်ချိန် ငါးထောင်ကျော် သာ ရှိခဲ့တာကြောင့် နိုဝင်ဘာလမှာ နှမ်း တင်ပို့မှု လျော့ခဲ့တယ်လို့ ဆိုရပါမယ်။ ကာလတူဖြစ်တဲ့ ၂၀၁၂ နိုဝင် ဘာလ နှမ်းတင်ပို့မှုမှာတန်ချိန်လေးထောင့်ငါးရာ ကျော်ရှိခဲ့တာကြောင့် ဒီနှစ် နိုဝင်ဘာ လမှာ နှမ်းတင်ပို့မှု ပိုခဲ့တယ်လို့ ဆိုပါ တယ်။ MIRT -DTP