Main menu

Background

စားအုန်းဆီ ဈေးနှုန်းကျဆင်း

Mon, 12/09/2013 - 13:32 -- ydnar

ယခင်ရက်က ဈေးတက်လာတာကို အခွင့်ကောင်းယူပြီး ရင်းနှီးမြှုပ်နှံသူ တို့က ပြန်လည်ရောင်းချလာတဲ့အတွက် ဒီဇင်ဘာ၅ ရက်မှာ စားအုန်းဆီရဲ့ ကြို ရောင်း ကြိုဝယ်ဈေးတွေမြင့်တက်ခဲ့ပါတယ်။ ဈေးကျသွားပေမယ့်မလေးရှားနိုင်ငံရှိ စားအုန်းဆီစိုက်ပျိုးရေးလုပ်ငန်းများ ရေလွှမ်းမိုးတဲ့အတွက် စိုးရိမ်မှုတွေကြောင့် ဈေးနှုန်းအကျကို ထိန်းထားနိုင်ခဲ့ပါတယ်။ မလေးရှားကျွန်းဆွယ်ပေါ်မှာ မိုးသည်း ထန်ပြီး မုန်တိုင်း တွေဖြစ်ပေါ်လေ့ရှိတဲ့ မုတ်သုန်ရာသီက မလေးရှား စားအုန်းဆီ စိုက်ပျိုးရာမြေနိမ့်အချို့ဒေသတွေမှာရေလွှမ်းမိုးတာတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ယခုအခါမှာ မိုးရွာသွန်းမှုက အချို့ပြည်နယ်တွေမှာ လျော့ပါးသွားပြီဖြစ် ပေမယ့် ရေလွှမ်းမိုးထားတဲ့ ရေတွေပြန်ကျဖို့အတွက် ရက်ပေါင်းများစွာ ကြာဦးမှာ ဖြစ်ပါတယ်။ ရေကြီးတာကြောင့် ရိတ်သိမ်းပြီးစားအုန်းဆီ အခိုင်တွေကို အဟန့် အတားဖြစ်စေပြီး၊စက်ရုံကိုသယ်ယူတဲ့အခါမှာလည်း အခက်အခဲဖြစ်စေပါတယ်။ ဘာစာ မလေးရှားကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီအတွက် စားအုန်းဆီဈေးက ဒီဇင်ဘ ၅ ရက်ဈေးပိတ်ချိန်မှာ သုည ဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်တန်ကို ၂၆၄၁ရင်းဂစ်(၈၁၈ ဒေါ်လာ)နှုန်းရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာ ၄ ရက် ဗုဒ္ဓဟူး နေ့ဈေးက တစ်တန်ကို ၂၆၆၂ ရင်းဂစ်နှုန်းရှိခဲ့တဲ့အတွက် ရင်းနှီးမြှုပ်နှံသူတို့က အမြတ်ထုတ်နိုင်အောင် ပြန်ရောင်းလာတာတွေ့ရပါတယ်။ စုစုပေါင်း ရောင်း ဝယ်မှုက ၂၅ တန်ရှိ အတွဲ ၂၇၇၁၁ တွဲရှိခဲ့ရာ ရေလွှမ်းမိုးတဲ့ အကျိုးဆက် အခြေအနေကို ရင်းနှီးမြှုပ်နှံသူတို့က စောင့်ကြည့်နေတဲ့အတွက် ပျမ်းမျှရောင်းချ တဲ့ တွဲ ၃၅၀၀၀ အောက် ကျဆင်းခဲ့ပါတယ်။ မလေးရှားစားအုန်းဆီက နိုဝင်ဘာမှာ တန်ချိန် ၁ ဒသမ ၉၈ သန်းထိ ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ပို့ကုန်ကလည်း ယခင်တစ်လကနဲ့ နှိုင်းယှဉ်ရင် ၄ ရာခိုင်နှုန်းကျဆင်းပြီး၊ တန် ၁ ဒသမ ၅၉ သန်းရှိခဲ့ပါတယ်။ အခြားစားသုံးဆီတွေအနက် ဒီဇင်ဘာအတွက် အမေရိကန် ပဲပုပ်ဆီက သုည ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ တရုတ်ဒါလီယံဈေးကွက်မှာ ပဲပုပ်ဆီဈေးက သုည ဒသမ ၇ ရာခိုင်နှုန်းကျဆင်းပါတယ်။   UNT