Main menu

Background

ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲအနေနဲ့ ရောင်းသူဈေးကွက်မဖြစ်ဘဲ ဝယ်သူ ဈေးကွက်ဖြစ်နေ၊ ပဲစင်းငုံနီအရောင်းအဝယ်ဆက်လက်အေးနေဆဲ

Mon, 12/09/2013 - 13:52 -- ydnar

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို ပြည်ပသို့ တင်ပို့ရောင်းချသူများက ဈေးချအဝယ်ရှိသလို မတ်ပဲသိုလှောင်ထား တဲ့ ကုန်သည်များအနေနဲ့လည်း မတ်ပဲဈေးဆက်လက်ကျဆင်းမှာကို စိုးရိမ်ပြီး အရောင်းများတာကြောင့် ဈေးကွက်သဘောသဘာဝအရ ရောင်းသူဈေးကွက်မဖြစ်ဘဲ ဝယ်သူဈေးကွက်ဖြစ်နေကြောင်း ပဲကုန် သည်တစ်ဦးက ဆိုပါတယ်။

အရောင်းအဝယ်အနေနဲ့ တစ်တန်ကို အနိမ့်ဆုံး ၆၁၃၀၀၀ ကျပ်မှ အမြင့်ဆုံး ၆၁၉၀၀၀ ကျပ်ဈေးအတွင်း တန်ချိန် ၉၅၆၆ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲဈေးက ယခင်အ ပတ်နဲ့စာရင် တစ်တန်ကို ၂၀၀၀၀ ကျပ်ခန့်တော့ ဈေးကျသွားတယ် ဆိုပေမယ့် အရောင်းအဝယ်တော့ ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ မတ်ပဲအနေနဲ့ ရောင်းသူကုန်သည်လက်ဝယ်မှာ တန်ချိန်တစ်သိန်းခန့် ကျန်နေသေးပြီး ဒီတစ်ပတ်မှာ အိန္ဒိယအဆွဲပြန်အီသွားလို့ ဈေးအ နည်းငယ်ကျလာကြောင်း သိရပါတယ်။ မတ်ပဲအနေနဲ့ စိုက်ပျိုးတဲ့ ကာလမှာ မိုးရွာသွန်းမှုကြောင့် အထွက်နောက်ကျနိုင်မယ်လို့ ကုန် သည်အများစုက သုံးသပ်ပြောဆိုကြောင်း သိရပါတယ်။ ပဲစင်းငုံနီ အနေနဲ့ ယခင်အပတ်က ပြည်ပသို့ တန်ချိန် ၂၃၀၀ ခန့်တင်ပို့နိုင်ခဲ့ ပေမယ့် ဒီတစ်ပတ်မှာတော့ အိန္ဒိယအဆွဲလျော့လို့ တန် ၆၈၀ ခန့်သာ တင်ပို့နိုင်ခဲ့လို့ ယခင်အပတ်နဲ့စာရင် ပြည်ပသို့ တင်ပို့မှုပမာဏ တန် ၂၂၀၀ ခန့်လျော့နည်းခဲ့ကြောင်း၊ ပဲစင်းငုံနီ(အသစ်)တွေအနေနဲ့ နယ် ဈေးကွက်ဖြစ်တဲ့ မကွေး၊ စစ်ကိုင်းဘက်မှာ ဒီဇင်ဘာ ၁၅ ရက်လောက် မှာဝင်ရောက်နိုင်ကြောင်း ဘုရင့်နောင်အခြေစိုက်ပဲကုန်သည်တစ်ဦး ကဆိုပါတယ်။