Main menu

Background

ပြည်ဈေးကွက်မှာ ပဲတီစိမ်းဈေးမြင့် မတ်ပဲဈေးကျ

Mon, 12/09/2013 - 13:57 -- ydnar

ပြည်ဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းက နယ်စုံမှ ဝင်ရောက်မှု အနေနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်အဝင်ရှိသလို မန္တလေးဝယ်လက် ကလည်း အရည်အသွေးအပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၅၅၀ ကျပ်(တစ်တန်ကို ၉၄၉၂၀၄ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၅၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲ အနေနဲ့ ပစ္စည်းအဝင်ပါးလာပြီး လက်ကျန်ပဲများကိုသာ ရန်ကုန်ဝယ် လက်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် ကျလာကာ တစ်ပိဿာ ၉၂၅ ကျပ် (တစ်တန်ကို ၅၆၆၄၆၀ ကျပ်) ဈေးနဲ့ တစ်ရက်ကို အိတ် ၄၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။