Main menu

Background

အောင်လံဈေးကွက်မှာ ပဲတီစိမ်းအဝင်များလို့ ဈေးအနည်းငယ်ဆင်း နှမ်းမျိုးစုံဈေးစွာ

Mon, 12/09/2013 - 13:58 -- ydnar

အောင်လံဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကို ရန်ကုန်-မန္တလေး ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ ပစ္စည်းအဝင်များတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်ကျလာကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၆၀၀ ကျပ်(တစ်တန်ကို ၉၇၉၈၂၄ ကျပ်)ဈေးနဲ့ တစ်ရက် ကို အိတ် ၄၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကိုတော့ ရန်ကုန်-မန္တလေးဝယ်လက်က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အ ပတ်နဲ့စာရင် ဈေးမြင့်လာပြီး အရောင်းအဝယ်ဖြစ်မှုများခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ သိပ္ပံနှမ်းတစ်ပိဿာ ၃၈၂၅ ကျပ်၊ နှမ်းနီတစ်ပိဿာ ၃၀၄၅ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၃၅၆၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၃၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။