Main menu

Background

အရောင်းအဝယ်ပုံမှန် ဈေးနှုန်းပုံမှန်ဖြစ်နေတဲ့ ရှမ်းပြောင်းဈေးကွက်

Mon, 12/09/2013 - 14:02 -- ydnar

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဒေသအလိုက်ထွက်ရှိတဲ့ပြောင်းများမှာ ဈေးကွက် အတွင်းပုံမှန်အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း  တောင်ကြီးမှာပိဿာချိန် ၂၀ သိန်းခန့်၊ ရပ်စောက်မှာ ပိဿာချိန် ၂၇ သိန်း၊ နမ့်စန်မှာ ပိဿာချိန် ၁၀ သိန်းခန့်၊ လဲချားမှာပိဿာချိန် သုညဒသမ ၇၈ သိန်း၊ လားရှိုးမှာ ပိဿာချိန် သိန်း ၂၀ ကျော်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

နိုဝင် ဘာလအတွင်းဖြစ်ပေါ်ခဲ့သော ပြောင်းတစ်ပိဿာ နိမ့်မြင့်ဈေးများကတော့ တောင်ကြီးမှာ ၃၅၀ ကျပ်၊ ၃၅၅ ကျပ်၊ လဲချားမှာ ၃၃၀ ကျပ်မှ ၃၆၀ ကျပ်၊ နမ့်စန်မှာ ၃၅၀ ကျပ်၊ လားရှိုးမှာ ၄၁၀ ကျပ်၊ ၄၂၀ ကျပ်၊ မူဆယ်မှာ ၄၅၈ ကျပ်၊ ၄၆၅ ကျပ်၊ ရွှေလီမှာ ၄၉၀ ကျပ်၊ ၄၉၈ ကျပ်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ နိုဝင်ဘာလ အတွင်း ပြောင်းရောင်းဝယ်မှုမှာ လက်လွှဲရောင်းချခြင်းသာ အဓိက ရောင်းဝယ်ခဲ့ပြီး၊ ပြည်နယ်အတွင်းနဲ့ ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးများရှိ အစာစပ်လုပ်ငန်းများမှ လည်း အဝယ်ရှိကြောင်း သိရပါတယ်။ ဒီဇင်ဘာလ ပထမအပတ်အတွင်း ပြောင်း ရောင်းဝယ်မှုမှာ တောင်ကြီးမှပိဿာချိန် ၆ သိန်းခန့်၊ ရပ်စောက်မှ ၄ ဒသမ ၅ သိန်း၊ လဲချားမှာ ၁ သိန်းခန့်၊ နမ့်စန်မှာ ၁ ဒသမ ၅ သိန်းခန့်၊ လားရှိုးမှာ ၈သိန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုတစ်ပတ်ပြောင်းတစ်ပိဿာပေါက်ဈေး များကတော့ တောင်ကြီးမှာ ၃၅၀ ကျပ်၊ ရပ်စောက် ၃၅၀ ကျပ်၊ နမ့်စန် ၃၅၀ ကျပ်၊ လဲချား ၃၃၀ ကျပ်၊ ၃၅၀ ကျပ်၊ လားရှိုး ၄၁၅ ကျပ်၊ မူဆယ် ၄၆၀ ကျပ်၊ ရွှေလီ ၄၉၃ ကျပ် ပေါက်ဈေးရှိကြောင်း သိရပါတယ်။    သန်းတိုး-တောင်ကြီး