Main menu

Background

ပဲအထွက်မြင့်တက်ခြင်းနဲ့ ပြည်ပက တင်သွင်းထားတဲ့ ပဲအမြောက်အမြားရှိခြင်းကြောင့် အိန္ဒိယပဲဈေးသက်သာလာနိုင်

Tue, 09/14/2010 - 10:50 -- Anonymous (not verified)

  ပဲအထွက်မြင့်တက်ခြင်းနဲ့ ပြည်ပက တင်သွင်းထားတဲ့ ပဲအမြောက်အမြားရှိခြင်းကြောင့် အိန္ဒိယပဲဈေးသက်သာလာနိုင်     အိန္ဒိယနိုင်ငံရဲ့ မိုးရာသီသီးနံှအထွက် မြင့်တက်နိုင်ခြင်းနဲ့ ပြည်ပကတင်သွင်းတဲ့ ပဲအမြောက်အမြားရှိခြင်း တို့ကြောင့် လာမယ့်သီတင်းပတ်အနည်းငယ်မှာ ပဲမိုျးစုံနဲ့ ပဲပုပ်ဈေးဟာ သုံးပုံတစ်ပုံခန့် ဈေးသက်သာနိုင်တယ်လို့ နိုင်ငံအတွင်း ပဲတင်သွင်းမှု အများဆုံးထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့Poona Dal and  Besal Mill  ရဲ့ ဥက္ကဌဖြစ်တဲ့ Sunil Parakh ကပြောကြားပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီများကဝယ်ယူဖို့စာခုျပ်ထားတဲ့ ပဲမိုျးစုံတန်ချိန် ၇ သိန်း-၈ သိန်းခန့်ဟာ ဈေးကွက်တွေကို ဝင်ရောက်တော့မှာဖြစ်လို့ ဈေးကျဆင်းနိုင်တယ်လို့ ပြောကြားခြင်းဖြစ်ပါတယ်။    လတ်တလောဈေးကွက်တွေမှာ ပြည်ပကတင်သွင်းတဲ့ ပဲစင်းငုံဈေးဟာ ယခင်လထက် တစ်ကီလိုကို ရူပီး ၁ဝ လျော့ကျပြီး၊ ရူပီး ၃ဝ-၃၅ (ကန်ဒေါ်လာ ဝ ဒသမ ၆၅ - ဝ ဒသမ ၇၆) ဈေးနဲ့ရရှိနိုင်ပြီး၊ စက်တင်ဘာလ ကုန်မှာ ရူပီး ၂၅-၃ဝ (ကန်ဒေါ်လာ ဝ ဒသမ ၅၄ - ဝ ဒသမ ၆၅) ထိ ထပ်မံကျဆင်းနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ အိန္ဒိယရဲ့ ဒုတိယအများဆုံး ပဲထုတ်လုပ်တဲ့ မဟာရပ်ရှတရာရဲ့ မိုးပဲမျိုးစုံထွက်ရှိမှုဟာ ၆၅ ရာခိုင်နှုန်းခန့် မြင့်တက်ဖွယ်ရှိပြီး၊ အဲဒီ ပမာဏဟာ နိုင်ငံရဲ့စုစုပေါင်းထုတ်လုပ်မှုရဲ့ ၅ ပုံ ၁ ပုံရှိတယ်လို့ဆိုပါတယ်။    မဒ္ဒရာပရာဒေ့ရှ်မှာ ပဲပုပ်စိုက်ပျိုးဧရိယာဟာ မနှစ်ကထက် အနည်းငယ်လျော့ကျပေမယ့် ထွက်ရှိမှုက ၅ဝ ရာခိုင်နှုန်းခန့် တိုးတက်ဖွယ်ရှိလို့ တစ်တန်ကို ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၁ ဒသမ ၆၁) ခန့် လျော့ကျနိုင်တယ်လို့လည်း ဆိုပါတယ်။ ပဲပုပ်ပြုပြင်ထုတ်လုပ်သူများအသင်းက မျှော်လင့်နေတာကတော့ ပဲပုပ်အသစ်တွေ စတင်ဝင်ရောက်လာမယ့် အောက်တိုဘာလမှာ ဈေးနှုန်းကျဆင်းနိုင်တယ်လို့ဆိုပါတယ်။ မဟာရပ်ရှတရာ အစိုးရကလည်း ကောက်ပဲသီးနံှထွက်ရှိမှုဟာ ယခုနှစ်မှာ ၂၈ ရာခိုင်နှုန်းခန့် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။      ယမင်းခင်၊                                                                                                                                                  Source: economic times