Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Wed, 12/18/2013 - 05:14 -- ydnar

အမေရိကန်ဗဟိုဘဏ်ရဲ့ ငွေကြေး လှုံဆော်တွန်းအားပေးမှု အစီအစဉ်ကို အစောဆုံးအဖြစ် လာမဲ့ရက်သတ္တပတ် ထဲမှာ စတင်ရုပ်သိမ်းလိုက်မယ်ဆိုတဲ့ အသိနဲ့စိုးရိမ်မှုတွေကြောင့် အာရှဒေသ ရှိငွေကြေးတွေရဲ့တန်ဖိုးက ဒီဇင်ဘာ ၁၃ ရက်မှာ ပြန်လည်ကျဆင်းခဲ့ပါတယ်။ အာရှဒေသငွေကြေးတွေထဲမှာ စင်ကာပူဒေါ်လာက အမေရိကန်တစ် ဒေါ်လာကို ၁ ဒသမ ၂၅၇၆ စင်ကာပူ ဒေါ်လာနှုန်းသို့ ရောက်ရှိခဲ့တဲ့အတွက် ရက်သတ္တပတ် ၁၀ ပတ်အတွင်း အနိမ့် ဆုံးအဖြစ် ရောက်ရှိခဲ့ပါတယ်။

အမေရိကန်ဗဟိုဘဏ်က တစ်လ ကိုဘွန်းစာချုပ် ဒေါ်လာ ၈၅ ဘီလီယံ ဖိုးဝယ်ယူနေတဲ့အစီအစဉ်ကို ဒီဇင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်မှာ ကျင်းပမဲ့အစည်း အဝေးမှာ ပြန်လည်လျှော့ချလိမ့်မယ်လို့ ဘလွမ်းဘတ်သတင်းဌာနက ဒီဇင်ဘာ ၆ ရက်မှာပြုလုပ်တဲ့စစ်တမ်းမှာ ပါဝင် ခဲ့တဲ့ စီးပွားရေးပညာရှင်တွေအနက် ၃၄ ရာခိုင်နှုန်းကခန့်မှန်းပါတယ်။ နိုဝင်ဘာ ၈ ရက်ကပြုလုပ်တဲ့ စစ်တမ်းမှာပါဝင်တဲ့ ၁၇ ရာခိုင်နှုန်းကနေ မြင့်တက်လာတာ ဖြစ်ပါတယ်။ တရုတ် နိုင်ငံခေါင်းဆောင် တွေကလည်းနှစ်ပတ်လည်ဗဟိုစီးပွားရေး လုပ်ငန်းကွန်ဖရင့်ကို ဒီဇင်ဘာ ၁၃ ရက်က အပြီးသတ်ခဲ့ပြီး ၂၀၁၄ ခုနှစ်အတွက် ရည်မှန်းချက်တွေ ချမှတ်ခဲ့ပါတယ်။တရုတ်ယွမ် ရင်းနှီးမြှုပ်နှံသူတွေက နှစ်အကုန် မှာအမြတ်ထုတ်ကြဖို့ စီစဉ်ဆောင်ရွက် ကြတဲ့အတွက် အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ ဒီဇင်ဘာ ၁၂ ရက်က တရုတ်ငွေကြေးတန်ဖိုးကျဆင်းခဲ့ပါတယ်။ တရုတ်ကြီးကြပ်ထိန်းသိမ်းသူတွေက တရုတ်နိုင်ငံအတွင်းသို့ ငွေတွေစီးဝင် လာတာကိုထိန်းချုပ်ခဲ့တဲ့အတွက်လည်း ယွမ်ငွေကြေးတန်ဖိုးက ကျဆင်းခဲ့ ပါတယ်။ ဒါပေမဲ့ ကုန်သွယ်မှုပိုငွေပြမှု ကဲ့သို့သော စီးပွားရေးအခြေခံတွေ ခိုင် မာလာတဲ့အတွက် ယွမ်တန်ဖိုးကပြန် လည်မြင့်တက်လာလိမ့်မယ်လို့ ကုန်သည်တွေနဲ့ လေ့လာဆန်းစစ်သူ တွေကပြောပါတယ်။ တရုတ်ငွေကြေးတန်ဖိုးက တရုတ် နိုင်ငံခြားငွေရောင်းဝယ်ရေးဌာနမှာ ဒီဇင်ဘာ ၁၃ ရက်နေ့က သုည ဒသမ ၃၃ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာ ကို ၆ ဒသမ ၁၁၄၈ ယွမ်နှုန်းရှိခဲ့ပါ တယ်။ နိုင်ငံခြားငွေဖလှယ်ရေးလက်ငင်း ဈေးကွက်မှာ ငွေကြေးတန်ဖိုးကို ဗဟို သတ်မှတ်ချက်ထက် ၁ ရာခိုင်နှုန်း အတက်အကျပြုလုပ်ခွင့်ရှိပါတယ်။အိန္ဒိယရူပီး ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ဒေါ်လာ ဝယ်လိုအားမြင့်မားလာတဲ့အတွက် အိန္ဒိယနိုင်ငံရဲ့ ဘဏ်အချင်းချင်းနိုင်ငံ ခြားငွေဖလှယ်ရေးဈေးကွက်မှာ ရူပီးငွေ ကြေးတန်ဖိုးမှာ သုည ဒသမ ၃၀ ရူပီး နှုန်းကျဆင်းပြီး ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းက တစ်ဒေါ်လာကို ၆၂ ဒသမ ၁၃ ရူပီးနှုန်းရှိခဲ့ပါတယ်။ အမေရိ ကန်ဗဟိုဘဏ်က ငွေကြေးလှုံ့ဆော် တွန်းအားပေးအစီအစဉ်ကို ပြန်လည် လျှော့ချတော့မဲ့ အလားအလာတွေ ကြောင့် အိန္ဒိယပြင်ပမှာ အခြားငွေ ကြေးတွေနဲ့ဖလှယ်ရာမှာဒေါ်လာတန်ဖိုးမြင့် တက်မှုကလည်း ရူပီးတန်ဖိုးအပေါ် အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ဂျပန်ယန်း အမေရိကန်ဗဟိုဘဏ်က ငွေ ကြေးလှုံ့ဆော်တွန်းအားပေးမှုအစီအစဉ် ကို လာမဲ့ရက်သတ္တပတ်ထဲမှာ ရုပ်သိမ်း လိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ပိုမို မြင့်တက်လာတာနဲ့အတူ နိုဝင်ဘာမှာ အမေရိကန်လက်လီရောင်းချမှုဈေးနှုန်း တွေမြင့်တက်လာတာကြောင့် အမေရိ ကန်ဒေါ်လာတန်ဖိုးကအခြား ငွေကြေး တွေနဲ့ ဖလှယ်ရာမှာ ဒေါ်လာ တန်ဖိုး အနည်းငယ်မြင့်တက်ခဲ့ပါတယ်။ ယူရို/ဒေါ်လာဖလှယ်နှုန်းက ဒီဇင်ဘာ ၁၁ ရက်က တစ်ယူရိုကို ၁ ဒသမ ၃၇၈၅ ဒေါ်လာနှုန်းရှိရာမှ ဒီဇင်ဘာ ၁၂ ရက် ဂရင်းနစ်စံတော်ချိန် ၂၂ နာရီမှာ တစ်ယူရိုကို ၁ ဒသမ ၃၇၅၂ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။ ဂျပန်ယန်းငွေတန်ဖိုးက ဒေါ်လာနဲ့ ဖလှယ်ရာမှာ တစ်ဒေါ်လာကို ၁၀၂ ဒသမ ၄၀ ယန်းမှ ၁၀၃ ဒသမ ၃၆ ယန်းနှုန်းသို့လည်းကောင်း၊ ယူရိုနဲ့ ဖလှယ်ရာမှာ ၁၄၁ ဒသမ ၁၉ ယန်း နှုန်းမှ ၁၄၂ ဒသမ ၁၅ ယန်းနှုန်းသို့ လည်းကောင်းအသီးသီးပြောင်းလဲ ခဲ့ပါတယ်။မလေးရှားရင်းဂစ် ကမ္ဘာ့ဈေးကွက်မှာဒေါ်လာ တန်ဖိုးခိုင်မာနေစဉ်မှာ ရင်းဂစ်ငွေကြေး ကိုဝယ်ယူရန် စိတ်ပါဝင်စားမှုနည်းပါး တဲ့အတွက် ဒီဇင်ဘာ ၁၃ ရက် မနက် ပိုင်းဈေးကွက်မှာ ရင်းဂစ်တန်ဖိုးက ဒေါ်လာနဲ့ ဖလှယ်ရာမှာ ကျဆင်းခဲ့ ကြောင်း ဝယ်ရောင်းသမားတွေက ပြောပါတယ်။ ရင်းဂစ်က ဒီဇင်ဘာ ၁၂ ရက်နေ့ မှာ တစ်ဒေါ်လာကို ၃ ဒသမ ၂၂၈၀ ရင်းဂစ်နဲ့ ဈေးပိတ်ရာမှ ဒီဇင်ဘာ ၁၁ ရက် မနက် ၉ နာရီခွဲမှာ တစ်ဒေါ်လာ ကို ၃ ဒသမ ၂၃၂၅ ရင်းဂစ်နှုန်းရှိခဲ့ပါ တယ်။ အာရှအခြားငွေကြေးတွေနဲ့ ဖလှယ်ရာမှာလည်း အများအားဖြင့် ရင်းဂစ်တန်ဖိုးကျဆင်းခဲ့ပါတယ်။တောင်ကိုရီးယားဝမ် နှစ်ကုန်စာရင်းမချုပ်မီ ပို့ကုန် လုပ်ငန်းရှင်တွေက ပင်လယ်ရပ်ခြားမှဝင် ငွေများကိုပြန်လည်လွှဲပို့မှုမြင့်တက်တဲ့ အခြေအနေကြောင့် တောင်ကိုရီးယား ဝမ် တန်ဖိုးက အောက်တိုဘာကစပြီး ရက် သတ္တပတ်တွင်း တန်ဖိုးမြင့်တက်မှု နှုန်းအများဆုံးဖြစ်ခဲ့ပါတယ်။ ဇွန်လ ကုန်က ယနေ့အထိ ဝမ်ငွေကြေးတန်ဖိုး က ၈ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ ပါတယ်။ ဘလွမ်းဘတ်ကပြုစုထားတဲ့ စာ ရင်းများအရ ဆိုးလ်မြို့မှာ ဒီဇင်ဘာ ၁၃ ရက် မနက် ၁၀ နာရီ ၁၂ မိနစ်က ဝမ် ငွေကြေးတန်ဖိုးက သုည ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၁၀၅၃ ဒသမ ၀၆ ဝမ်နှုန်းရှိခဲ့ပါတယ်။ထိုင်းဘတ် အမေရိကန်ပြည်ထောင်စုဘတ် ဂျက်သဘောတူညီမှုနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးတိုးတက်လာ တဲ့ လက္ခဏာတွေက အမေရိကန် ဗဟိုဘဏ်က ငွေကြေးလှုံ့ဆော်အား ပေးမှုအစီအစဉ်ကို လာမဲ့ရက်သတ္တပတ် အတွင်း ရုပ်သိမ်းတော့မှာကို စိုးရိမ်မှု တွေကြောင့် ဘတ်ငွေတန်ဖိုးက ရက် သတ္တပတ်တစ်ပတ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ကျဆင်းခဲ့ပါတယ်။ ဘလွမ်းဘတ်ရဲ့ကိန်းဂဏန်း အချက်အလက်များအရ ဘန်ကောက် မှာ မနက် ၁၀ နာရီ ၀၆ မိနစ်က ဘတ် ငွေတန်ဖိုးက သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ဒေါ်လာကို ၃၂ ဒသမ ၁၂၆ ဘတ်နှုန်းရှိခဲ့ရာ ဒီဇင်ဘာ ၄ ရက် နောက်ပိုင်း အနိမ့်ဆုံးဖြစ်ခဲ့ပါတယ်။