Main menu

Background

ရက်သတ္တပတ်စီးပွားရေး သတင်းတိုများ

Wed, 12/18/2013 - 05:16 -- ydnar

ကွာလာလမ်ပူ ပြည်ပမှာတိုးတက် ဖြစ်ပေါ်မှု  တွေကြောင့် မလေရှားနိုင်ငံရဲ့ စုစု ပေါင်း   ကုန်ထုတ်လုပ်မှုက ယခုနှစ် မှာ ၄ ဒသမ ၅ ရာခိုင်နှုန်းနဲ့၅ရာခိုင်နှုန်း အကြားနဲ့၂၀၁၄ ခုနှစ်မှာ၅ ရာခိုင်နှုန်း နဲ့  ၅ ဒသမ  ရာခိုင်နှုန်း အကြား ရှိမယ် လို့ ဗဟိုဘဏ်ဥက္ကဌ တန်ဆရီ ဒေါက်တာ ဇေတီအက်ကထာအဇစ် ရဲ့ပြောကြားချက်ကိုဘနားမားသတင်း မှာဖေါ်ပြပါတယ်။

ဝါရှင်တန် အဂတိလိုက်စားမှု ၊လိမ်လည်မှု နဲ့  အရိပ်ခိုစီးပွားရေးလုပ်ငန်း တွေ ကသူတို့ရတဲ့ နိုင်ငံခြားအကူအညီ တွေထက်များနေခြင်း၊စီးထွက်ငွေတွေ များ နေခြင်းတို့ကြောင့် ၂၀၁၁ ခုနှစ် မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ဆုံးရှုံးမှုက ဒေါ်လာတစ်ထရီလီယံကျော်ကြောင်း ရိုက်တာသတင်းမှာဖေါ်ပြထားပါတယ်။   ဟနွိုင်း လျှော့ဈေးဖြင့်အမြောက်အမြား ရောင်းချမှုနဲ့အသေးစားကားကလေး တွေကိုလူကြိုက်များလာတဲ့အတွက် ဗီယက်နမ်နိုင်ငံရှိ အဓိမော်တော်ကား ထုတ်လုပ်သူတွေရောင်းအားက နိုဝင် ဘာလမှာ နှစ်အလိုက်နှိုင်းယှဉ်ရင် ၆ ရာခိုင်နှုန်း တိုးတက်လာကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက ဖော်ပြပါတယ်။စင်ကာပူ အများပြည်သူ့အမိန့်အက်ဥပဒေ အရယခုရက်သတ္တပတ်အကုန် မှာ ကန့်သတ်နယ်မြေအဖြစ်ကြေညာထား တဲ့  ၁ ဒသမ ၁ စတု ရန်းကီလိုမီတာ ခန့်ရှိ Little India  နယ်မြေအတွင်း အရက်သေစာရောင်းချခြင်းသို့မဟုတ် သောက်သုံးခြင်းကို မည်သူတစ်ဦး တစ်ယောက်ကိုမျှခွင့်မပြုကြောင်း ရဲအဖွဲ့ဒုတိယကော်မရှင်နာတီရာဂျာ ကူမာက ပြောပါတယ်။စင်ကာပူ စင်ကာပူနိုင်ငံမှာ ယခင်သုံး လပတ် က အလုပ်အကိုင်လစ်လပ်မှု ၅ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ရာမှ တတိယသုံးလပတ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်းနဲ့ ရာသီအလိုက် ညှိနှိုင်းမှုအရ စက်တင်ဘာလမှာ အလုပ်အကိုင် လစ်လပ်မှုက ၁ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ရာ ၂၀၁၃ ခုနှစ် ဇွန် ကရှိခဲ့တဲ့ ၂ ဒသမ ၁ ရာခိုင်နှုန်းထက် ကျဆင်း ခဲ့ကြောင်း စီအင်အေသတင်းတွင် ဖော်ပြထားပါတယ်။