Main menu

Background

ဗီယက်နမ်မှာ စက်ဘီးများ ပြန်လည်ခေတ်စားလာ

Wed, 12/18/2013 - 05:18 -- ydnar

ဗီယက်နမ်နိုင်ငံမှာ စက်ဘီးစီးတာ ကပြန်လည်လူကြိုက်များလာပြီး စက် ဘီးဈေးကွက်က ခါတိုင်းထက်အဝယ်ပို လိုက်ခါ အဆွဲကြမ်းလာကြောင်း ဗီယက်နမ်သတင်းအေဂျင်စီရဲ့ သတင်း မှာဖော်ပြထားပါတယ်။ စွမ်းအင်သုံးစွဲ မှုသက်သာတဲ့ယာဉ်တွေကို ဗီယက်နမ် ရှိစားသုံးသူတွေက ပိုမိုသဘောကျလာ ကြောင်း ဗီယက်နမ်မော်တော်ကား၊ ဆိုင်ကယ်နဲ့ စက်ဘီးအသင်းဥက္ကဋ္ဌ ငုယင်ဟူဆန်းက ပြောပါတယ်။

ဟနွိုင်းနဲ့ ဟိုချီမင်းလိုမြို့ကြီးတွေ မှာ စက်ဘီးစီးတာကအရွယ်မရွေး လူတိုင်းကို ဆွဲဆောင်နိုင်တဲ့အတွက် ရိုး ရိုးစက်ဘီးနဲ့ လျှပ်စစ်စွမ်းအားသုံးစက် ဘီးတွေရဲ့အရောင်းကို တွန်းတင်ပေး တယ်လို့သူက ပြောပါတယ်။ ဒါပေမဲ့ ဈေးကွက်ထဲမှာ နိုင်ငံခြားရောပြည်တွင်း ကုမ္ပဏီတွေအတွက်ပါ အလားအလာ ကောင်းနေတယ်လို့ သူကပြောပါတယ်။ အနှစ် ၂၀ ကျော်ပြီးမှ ဗီယက်နမ်ကို ပြင်သစ်စက်ဘီးကုမ္ပဏီကြီး Peugeot ပြန်လည်ဝင်ရောက်လာတာကို ကြည့် ရင်ဒီအချက်ကသိသာပါတယ်။ ဒီလိုဝင် ရောက်လာပြီးနောက် ယခင်ရက်သတ္တ ပတ်က ကုမ္ပဏီရှိုးရွမ်းတွေ အစီအရီ ပေါ်လာပြီး စင်းရေ ၁၅၀ လောက် ရောင်းချခဲ့ရပါတယ်။ "ပြီးခဲ့တဲ့နေ့ကလိုသာ ရောင်းရ မယ်ဆိုရင် ကျွန်တော်တို့မှာ စက်ဘီး လက်ကျန်ရှိတော့မှာ မဟုတ်ပါဘူး။ ဗီယက်နမ်ကအလားအလာကောင်းတဲ့ ဈေးကွက်တစ်ခု ဖြစ်ပါတယ်"လို့ ဗီယက်နမ်မှာ ကုမ္ပဏီရဲ့ ဖြန့်ချိရေးလုပ် ငန်း ဗယ်လိုချစ်ရဲ့ ဥက္ကဋ္ဌ ဒန်ကွမ်မင်း ကပြောပါတယ်။ နိုင်ငံတော်ပိုင်စက်ဘီးထုတ်လုပ် ရေးလုပ်ငန်းသောင်ငက်ရဲ့ ရောင်းအား ကလည်း မြင့်တက်ခဲ့ပါတယ်။ ကုမ္ပဏီ ရဲ့စက်ဘီးရောင်းအားက တစ်နှစ်ကို ၂၀ ရာခိုင်နှုန်းမြင့်တက်နေကြောင်း ကုမ္ပဏီ ရဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။  ကုမ္ပဏီက ဟိုချီမင်းစီးတီးနဲ့ တောင်ပိုင်း ဒေသအတွက် အေးဂျင့်တွေ ရှာဖွေနေ တယ်လို့ ပြောပါတယ်။ သဘာဝပတ် ဝန်းကျင်ညစ်ညမ်းမှု၊ ယာဉ်အသွား အလာပိတ်ဆို့မှုနဲ့ ကျန်းမာရေးအသိမြင့် မားမှုတို့ကြောင့် စက်ဘီးစီးတဲ့ အလေ့ အကျင့် ပြန်လည်ထွန်းကားလာတာ ဖြစ် ပါတယ်။