Main menu

Background

တရုတ်နိုင်ငံစက်မှုကုန်ထုတ်လုပ်မှု နိုဝင်ဘာတွင် ၁၀ ရာခိုင်နှုန်းမြင့်တက်

Wed, 12/18/2013 - 05:18 -- ydnar

စက်ရုံတွေရဲ့ ကုန်ထုတ်လုပ်မှုကို တိုင်းတာတဲ့ တရုတ်နိုင်ငံရဲ့ စက်မှုကုန် ထုတ်လုပ်မှုက နှစ်အလိုက်နှိုင်းယှဉ်ရင် နိုဝင်ဘာလမှာ ၁၀ ရာခိုင်နှုန်းတိုးတက် ခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS)  က ဒီဇင်ဘာ ၁၀ ရက်က ကြေ ညာခဲ့တယ်လို့ အေအက်ဖ်ပီသတင်းမှာ ဖော်ပြထားပါတယ်။ ကမ္ဘာပေါ်မှာ စီးပွားရေးအရ ဒုတိယအကြီးမားဆုံးဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ စားသုံးသူသုံးစွဲမှုညွှန်ကိန်းတစ်ခုဖြစ်တဲ့ လက်လီရောင်းချမှုကလည်း ယခင်နှစ် ကနဲ့နှိုင်းယှဉ်ရင် ၁၃ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း (NBS)  ကပြော ပါတယ်။

စီးပွားရေးအခြေခံအဆောက်အအုံမှာ အစိုးရရဲ့သုံးစွဲမှုကို တိုင်းတာ တဲ့ ပုံသေရင်းနှီးမြှုပ်နှံမှု ယခုနှစ်ပထမ ၁၁ လအတွင်းမှာ ၁၉ ဒသမ ၉ ရာခိုင် နှုန်းတိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။ စက်မှုကုန်ထုတ်လုပ်မှုက နိုဝင်ဘာက ၁၀ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့တဲ့အတွက် နိုဝင်ဘာမှာတိုးတက်မှုနှုန်းနှေးကွေးကျ ဆင်းမှုရှိခဲ့ပေမဲ့ လက်လီရောင်းချမှုနှုန်းကတော့ ယခင်ကရှိခဲ့တဲ့ ၁၃ ဒသမ ၃ ရာခိုင်နှုန်းထက် မြင့်တက်ခဲ့ပါတယ်။ ယခုနှစ်ပထမနှစ်ဝက်မှာ ကျဆင်းမှုရှိခဲ့ပြီးတဲ့နောက် ကမ္ဘာ့စီးပွားရေးနဲ့ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးမှုတိုးတက်နှုန်း အတွက် အဓိကမောင်းနှင်အားဖြစ်တဲ့ တရုတ်စီးပွားရေးက ထပ်မံတိုးတက်မှုရှိမဲ့ လက္ခဏာတွေပြသလာချိန်မှာ နိုဝင်ဘာလအတွက် ကိန်းဂဏန်းတွေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှု (ဂျီဒီပီ)က ဇူလိုင်-စက်တင်ဘာသုံးလပတ်မှာ ၇ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး သုံးလပတ်နှစ် ပတ်ကျဆင်းနေမှုမြှင့်တင်ပေးခဲ့ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထား အရ ယခုနှစ်နောက်ဆုံးသုံးလပတ်ရဲ့ အလားအလာက မှန်မှန်တိုးတက်မဲ့ လက္ခဏာပြသနေတာကို တွေ့ရပါ တယ်။