ပဲလွန်းဖြူတင်ပို့မှု ဇူလိုင်လထက် သြဂုတ်လမှာလျော့လာ ပင်လယ်ရေကြောင်းက နိုင်ငံစုံကို ပဲလွန်းဖြူတင်ပို့ရာမှာ ဇူလိုင်လက တန်ချိန် ၂၈ဝဝ ကျော်ထိ တင်ပို့ခဲ့ရာမှ သြဂုတ်လမှာ တန်ချိန် ၁၁ဝဝ ခန့်ကို လျော့ကျလာတာတွေ့ရပါတယ်။ ဒါ့အပြင် ၂ဝဝ၉ ခုနှစ် သြဂုတ်လ တင်ပို့မှုတန်ချိန် ၁၅ဝဝ ထက်လည်း ယခုနှစ်ကာလ တူမှာ လျော့နည်းတင်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ အပတ်စဉ် တင်ပို့မှုအနေနဲ့ ယခုတစ်ပတ်(စက်တင်ဘာလ ၂ ရက်မှ ၈ ရက်)အတွင်း မှာတော့ တန် ချိန် ၆၈ဝ ခန့်ထိ စံချိန်ထက် တင်ပို့လာခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၂၅ဝ ခန့်သာတင်ပို့မှုရှိခဲ့သလို ယခု တစ်ပတ်မှာ ၂ ဆ ကျော် ပိုတင်လာတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ စက်တင်ဘာ ၉ ရက်မှာ FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၈ဝ-၇၉ဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ ဈေးရှိပြီး အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ ပဲလွန်းဖြူ (ပဲခူး) တစ်တန်ကို ရူပီး ၄၈၅ဝဝ (ကန်ဒေါ်လာ ၁ဝ၃၆) ဈေးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
Background