Main menu

Background

မိုးအေးအေးမှာ ရှမ်းပြောင်းဈေးအေးနေ

Wed, 12/18/2013 - 05:37 -- ydnar

ဒီတစ်ပတ် ရှမ်းပြည်နယ်တောင်ပိုင်း ပြောင်းဈေးကွက်မှာ ပြောင်းဈေးအေး နေသော်လည်း ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း "မဒီ " ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် လည်းကောင်း၊ ရှမ်း ပြည်နယ်တောင်ပိုင်း အဓိက ပြောင်းဈေးကွက်ဖြစ်ရာ ရွှေလီမြို့၊ ကြယ်ခေါင် နယ်စပ် ကုန်သွယ်ရေး စခန်းမှာ (၁၃) ကြိမ်မြောက် တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကြောင့်လည်းကောင်း၊ ပြောင်းဈေးများ အေးနေရခြင်းဖြစ်ပါတယ်။

တောင်ကြီးပြောင်း စီးဆင်းမှုကတော့ ပိဿာချိန် ၅ သိန်းခန့်၊ နမ့်စန် ၁ ဒသမ ၃၅ သိန်း၊ လဲချား သုည ဒသမ ၆၉ သိန်း၊ ရပ်စောက် ၄ ဒသမ ၅ သိန်း၊ လားရှိုး ကုန်စည်ဒိုင်မှာ ၄၂ ဒသမ ၈၆ သိန်းအရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ပြောင်း တစ်ပိဿာပေါက်ဈေးကတော့ တောင်ကြီး ၃၄၅ ကျပ် - ၃၅၀ ကျပ်၊ နမ့်စန် ၃၅၀ ကျပ်၊ လဲချား ၃၃၀ ကျပ် - ၃၅၀ ကျပ်၊ ရပ်စောက် ၃၄၅ ကျပ်၊ လားရှိုး ၄၂၀ ကျပ်၊ မူဆယ် ၄၆၀ ကျပ်၊ ရွှေလီ ၄၉၄ ကျပ် ပေါက်ဈေးများဖြစ်ပေါ်ခဲ့ပါတယ်။ မဒီ မုန်တိုင်းကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပြောင်းထွက်ရာဒေသများမှာ ပြောင်းများထွက်သင့်သလောက် မထွက်နိုင်ဘဲ မိုးအေးအေး၊ ပြောင်းအေးအေးနဲ့ ပုံမှန် ပဲထွက်နိုင်ကြောင်း ကုန်သည်များထံမှ သိရပါတယ်။သန်းတိုး - တောင်ကြီး