Main menu

Background

ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲအရောင်းအဝယ်ပုံမှန်ရှိပြီး ပဲစင်းငုံနီအိန္ဒိယ ဝယ်အားနည်းနေ

Wed, 12/18/2013 - 05:40 -- ydnar

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိန္ဒိယဝယ် လက်က နေ့စဉ်ပုံမှန်အဝယ်ရှိနေပေမယ့် ဈေးကတော့ တက်ရိပ်သိပ် မရှိသေးဘူး။ ကုန်သည်လက်ဝယ်မှာ မတ်ပဲလက်ကျန်အနေနဲ့ တန် ချိန် ၉ သောင်းဝန်းကျင်ခန့်သာရှိပြီး ဈေးကွက်မျှော်လင့်ချက်နဲ့ အ ရောင်းအနည်းငယ်လျော့နေတယ်လို့ ဈေးကွက်အတွင်းမှ သိရပါ တယ်။

အရောင်းအဝယ်အနေနဲ့ တစ်တန်ကို ၅၉၆၀၀၀ ကျပ်မှ ၆၀၉၀၀၀ ကျပ်အတွင်း တန် ၅၀၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ပဲစင်းငုံနီအနေနဲ့ ဒီတစ်ပတ်မှာ အိန္ဒိယဝယ်လက်က တစ်ပတ် လုံးမှ တစ်ရက်တည်းသာအဝယ်ရှိခဲ့ကြောင်း လက်ကျန်ပဲကိုင်ထားတဲ့ ကုန်သည်တွေကလည်း ကြိုက်ဈေးမရလို့ အရောင်းနည်းနေကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်တန် ကို ၅၅၀၀၀၀ ကျပ်ဈေးဖြင့် ၁၁၅ တန်ခန့်သာဖြစ်ခဲ့ကြောင်း သိရ ပါတယ်။ လက်ကျန်ပဲစင်းငုံနီတွေအနေနဲ့ ရောင်းသူကုန်သည်တွေထံ မှာ ပစ္စည်းလက်ကျန်လျော့နည်းပေမယ့် ဒီဇင်ဘာ တတိယပတ် လောက်မှာ နယ်ဈေးကွက်တွေမှာ ပဲစင်းငုံနီ(အသစ်)တွေ ဝင်ရောက် လာတော့မယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။