Main menu

Background

မန္တလေးဈေးကွက်မှာ ပဲလွန်းဖြူ၊ ပဲပုပ်၊ ပဲယင်းနှင့် ထောပတ်ပဲ(အသစ်) တွေ ဈေးကွက်စဝင်ရောက်၊ နှမ်းမျိုးစုံကို တရုတ်အဆွဲသွက်

Wed, 12/18/2013 - 05:48 -- ydnar

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ပဲလွန်းဖြူ(သစ်)တွေ ဈေးကွက် ထဲစတင်ဝင်ရောက်လာပြီး တစ်ပိဿာကို ၉၃၃ ကျပ်(တစ်တန်ကို ၅၇၁၃၅၉ ကျပ်)ဈေးနဲ့ ဈေးဖွင့်အရောင်းရှိသလို တရုတ်ဝယ်လက် ကလည်း အရည်အသွေးအပေါ်မူတည်ပြီး ဝယ်အားပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ ပဲယင်း(အောက်စ)ကလည်း နယ်စုံမှ ဈေးကွက်သို့ စတင်ဝင်ရောက်လာပြီး တစ်ပိဿာကို ၁၀၃၃ ကျပ်(တစ်တန်ကို ၆၃၂၅၉၈ ကျပ်)ဈေးဖြင့် ဈေးဖွင့်အရောင်းရှိပေမယ့် အဝင်ကတော့ မများသေးကြောင်း၊ ဒါပေမယ့် အဝင်ရှိသလောက်တော့ တရုတ်အ ဆွဲရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှသိရပါတယ်။

ဒါ့အပြင် ထောပတ် ပဲ(အသေး)တွေကလည်း ဈေးကွက်ထဲဝင်လာပြီး တစ်ပိဿာကို ၁၁၂၀ ကျပ်(တစ်တန်ကို ၆၈၅၈၇၆ ကျပ်)ဈေးဖြင့် ဈေးဖွင့်အရောင်း ရှိခဲ့သလို ဝယ်လက်တွေကလည်း အရည်အသွေးကို ကြိုက်နှစ်သက် လို့ စတင်ဝယ်ယူနေပြီဖြစ်ကြောင်း သိရပါတယ်။ ပဲပုပ်ကလည်း နယ် စုံမှဈေးကွက်သို့ ဝင်ရောက်လာသလို တရုတ်ဝယ်လက်နဲ့ ပြည်တွင်း ပဲနိ့ုလုပ်ငန်းရှင်များ၊ ပဲပြားလုပ်ငန်းရှင်တွေကလည်း တစ်ပိဿာကို ၁၁၆၄ ကျပ်(တစ်တန်ကို ၇၁၂၈၂၁ ကျပ်)ဈေးနဲ့ အဝင်ရှိသလောက် အဝယ်ရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှသိရပါတယ်။ ပဲတီစိမ်းကြီးအ နေနဲ့ တရုတ်ဝယ်လက်က အရည်အသွေးကောင်းတဲ့ (ထိပ်စ)ကို တစ် ပိဿာ ၁၆၇၁ ကျပ်(တစ်တန်ကို ၁၀၂၃၃၀၃ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၄၀၀၀ ခန့် အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီက တော့ ဒီတစ်ပတ်မှာ ရန်ကုန်အဆွဲအနည်းငယ်ပြန်လိုက်လာလို့ ဈေး အနည်းငယ်မြင့်လာပြီး တစ်ပိဿာ ၈၆၂ ကျပ်(တစ်တန်ကို ၅၂၇၈၈၀ ကျပ်)ဈေးဖြင့် တစ်ရက်ကိုအိတ် ၈၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ပြောင်းသီးနှံမျိုးစုံကို တရုတ်ဝယ်လက်က ဝယ်အားပုံမှန်ရှိသလို ရောင်းသူကုန်သည်များက လည်း အဆိုပါဈေးနှင့် အရောင်းပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အ ရောင်းအဝယ်အနေနဲ့ ရှမ်းပြောင်းတစ်ပိဿာ ၃၈၀ ကျပ်၊ ဗမာပြောင်း တစ်ပိဿာ ၃၇၀ ကျပ်၊ စီပီပြောင်းတစ်ပိဿာ ၃၈၀ ကျပ်ဈေးနှင့် ပြောင်းမျိုးစုံတစ်ရက်ကို အိတ် ၁၈၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းရောင်စုံအနေနဲ့ ဒီတစ်ပတ်မှာ တရုတ်အဆွဲသွက်သလို ရောင်းသူ ကုန်သည်များကလည်း ဝယ်ဈေးကြိုက်နှစ်သက်လို့ အရောင်းများခဲ့ ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းဖြူတစ်ပိဿာ ၃၈၄၄ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၃၈၆၇ ကျပ်၊ နှမ်းနက်စမုံတစ်ပိ ဿာ ၄၀၄၄ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၃၀၄၄ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံ တစ်ရက်ကို အိတ် ၆၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။