Main menu

Background

အောင်လံဈေးကွက်မှာ ပဲတီစိမ်းနဲ့ သိပ္ပံနှမ်းအရောင်းအဝယ်ပုံမှန်ဖြစ်

Wed, 12/18/2013 - 05:49 -- ydnar

အောင်လံဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းက ဈေးကွက်သို့  အဝင်ပုံမှန်ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်ကလည်း အရည်အ သွေးအလိုက်ဈေးပေးအဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအ ဝယ်အနေနဲ့ တစ်ပိဿာ ၁၆၀၀ ကျပ်(တစ်တန်ကို ၉၇၉၈၂၄ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၄၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ သိပ္ပံ နှမ်းအနေနဲ့ ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိသလို ရောင်းသူ ကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့တယ်လို့ သိ ရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၃၈၉၀ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့ကြောင်း သိရပါတယ်။