Main menu

Background

ဟင်္သာတဈေးကွက်မှာ မတ်ပဲကို ရန်ကုန်အဆွဲပုံမှန်ရှိပေမယ့် ကုန်သည်လက် ဝယ်မှာ ပစ္စည်းလက်ကျန်နည်းနေ

Wed, 12/18/2013 - 05:49 -- ydnar

ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို အဓိကဝယ်ယူနေ တဲ့ ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည် လက်ဝယ်မှာတော့ ပစ္စည်းလက်ကျန်နည်းနေကြောင်း ဈေးကွက်အ တွင်းမှသိရပါတယ်။ ပဲသစ်မပေါ်မီ လက်ကျန်ပဲများ ဒီအတိုင်းရန်ကုန် အဆွဲဆက်ရှိနေပါက ပစ္စည်းပြတ်သွားနိုင်ကြောင်း မြို့ခံပဲကုန်သည် တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၉၂၀ ကျပ်(တစ်တန်ကို ၅၆၃၃၉၈ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၅၀၀ မှ ၇၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။