Main menu

Background

တောင်ကြီးဈေးကွက်မှာ ပြောင်းက အမြင့်ဈေးမှာ တန့်နေ၊ဒေသထွက်ပန်းနှမ်းဈေးကွက်သို့ မကြာမီဝင်တော့မည်

Wed, 12/18/2013 - 05:50 -- ydnar

တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းအနေနဲ့ နယ်စုံမှ ဝင် ရောက်မှုများလာသလို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ အစာစပ်လုပ် ငန်းရှင်များကလည်း အဝယ်သွက်လို့ အရောင်းအဝယ်ဖြစ်မှုပမာဏ များပြားလာကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိ ဿာ ၃၅၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၅ သိန်းခန့်အ ရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်းကုန်သည်တစ်ဦးကဆို ပါတယ်။ ဒေသထွက်ပန်းနှမ်း(ဟောင်း) က တစ်ပိဿာကို ၁၁၀၀ ကျပ်ဖြင့် ဈေးဖွင့်အရောင်းရှိနေပေမယ့် ဝယ်လက်တွေ အဝယ်အေး နေကြောင်း ပန်းနှမ်း(အသစ်) ကလည်း ဒီဇင်ဘာနောက်ဆုံးပတ် လောက်မှာ စထွက်မှာမို့ တချို့ဝယ်လက်တွေက ပန်းနှမ်း(အသစ်) တွေကိုသာ စောင့်ပြီစ ဝယ်ယူမယ့်အနေအထားကို တွေ့ရကြောင်း ဒေသခံကုန်သည်တစ်ဦးက ဆိုပါတယ်။