Main menu

Background

မူဆယ်ဈေးကွက်မှာ ပြောင်းအဝင်ပုံမှန်ရှိသလို တရုတ်အဆွဲလည်းပုံမှန်ရှိ၊ ပဲတီစိမ်းအဝင်နည်းဈေးမာ

Wed, 12/18/2013 - 05:51 -- ydnar

မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းအဝင်က တစ်ပတ်အ တွင်း တန် ၂၃၈၀၀ ခန့်ဝင်ရောက်ခဲ့လို့ အဝင်ပုံမှန်ရှိတယ်လို့ဆိုရမှာ ပါ။ တရုတ်ကလည်း ဝင်လာတဲ့ ပြောင်းသီးနှံကို အရည်အသွေး အပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိနေပေမယ့် ယခင်အပတ်နဲ့စာရင် အမြင့်ဈေးမှာဘဲ တန့်နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေ နဲ့ ၅၀ကီလိုဝင်တစ်အိတ်ကို ၉၀ယွမ်မှ ၉၄ယွမ်ကြားနဲ့အရောင်းအဝယ် ဖြစ်မှုများခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။

ဆန်မျိုးစုံဝင် ရောက်မှုအနေနဲ့ ဒီတစ်ပတ်မှာ တန်ချိန် ၁၆၈၀၀ ခန့်သာဝင်ရောက် ခဲ့လို့ ယခင်အပတ်နဲ့စာရင် တန် ၃၀၀ ခန့်အဝင်လျော့သွားပေမယ့် ဆန်အရောင်းအဝယ်တော့ ပုံမှန်ရှိခဲ့ကြောင်း အဓိကအရောင်းအဝယ် သွက်တာက ဧည့်မထ(ကရင်မ) ကို တရုတ်အဆွဲသွက်ကြောင်း ဈေး ကွက်အတွင်းမှ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ ဧည့်မထ ၂၅ မှတ် ၅၀ ကီလိုတစ်အိတ်ကို ၁၁၄ ယွမ်မှ ၁၁၆ ယွမ်ကြား၊ ငစိန်ဆန် ၅၀ ကီလိုတစ်အိတ်ကို ၁၁၇ ယွမ်မှ ၁၁၈ ယွမ်ကြား၊ မိုးဆန် ၅ မှတ် မနောသုခဆိုရင် ၅၀ ကီလိုတစ်အိတ်ကို ၁၂၅ ယွမ်၊ မိုးဆန် ၅ မှတ် ရတနာတိုးဆိုရင် ၅၀ ကီလိုတစ်အိတ်ကို ၁၃၃ ယွမ်၊ ဧည့်မထ ၅ မှတ်(ကရင်မ) ၅၀ ကီလိုတစ်အိတ်ကို ၁၃၃ ယွမ်၊ မိုးဆန် ၁၀ မှတ် မနောသုခဆိုရင် ၅၀ ကီလိုတစ်အိတ်ကို ၁၂၂ ယွမ်၊ ရတနာတိုး ဆိုရင် ၅၀ ကီလိုတစ်အိတ်ကို ၁၂၆ ယွမ်၊  ဧည့်မထ ၁၀ မှတ်(ကရင်မ) ဆိုရင် ၅၀ ကီလိုတစ်အိတ်ကို ၁၂၉ ယွမ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းအနေဖြင့် ဒီတစ်ပတ်မှာ တန် ၈၀၀ ခန့်သာ ဈေးကွက်ထဲဝင်ရောက်ခဲ့လို့ ယခင်အပတ်နဲ့စာရင် တန်ချိန် ၆၀၀ ခန့်လျော့ပြီးအဝင်ရှိခဲ့တာ ကြောင့် ဈေးအနည်းငယ်မြင့်လာပြီး ၅၀ ကီလိုတစ်အိတ်ကို ၃၅၀ ယွမ်နဲ့ တရုတ်အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။